တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို

တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို
======================

ကျွန်တော်ရို့စခန်းချရေနီရာက မရိုးရွာနှင့် တမိုင်လောက်ရာဝီးပါသည်။ အရှိမြောက်ဖက် မရိုးချောင်း အနောက်ဖက်ကမ်းတွင်ဖြစ်ပါသည်။ မရိုးရွာမှာ စစ်တကောင်းတောင်တန်းနယ် အပိုင်ဖြစ်ပါသည်။ ရခိုင်ဘုရင်များလက်ထက် တည်ထောင်ပီးခသော ရွာထောင်များထဲတွင် မရိုးထောင်လည်း တခုအပါအ၀င်ဖြစ်ပါသည်။ လည်းကောင်းအပြင် ကောက်ကဒွန်းထောင်၊ မွန်ထောင်၊ သက်ပြည်ကျထောင်စသည်ဖြင့် ထောင်ပေါင်းများစွာ ပါဝင်ပါသည်။ ထောင်တည်မော်ကွန်းတွင် ဇာဘုရင်လက်ထက် ဇာခုနှစ် မည်သည်ထောင်က လူများကိုနှုတ်၍ မည်သည့်ထောင်ကို မည်သည့်နိတွင် တည်ထောင်သည်စသဖြင့် အတိအကျပါပါသည်။ လည်းကောင်းထောင်တည်မော်ကွန်းသည် ရခိုင်မဂ္ဂဇင်းစာအုပ်ပါ ဆောင်းပါးဟောင်းတပုဒ်ဖြစ်ပါသည်။ အလွန်စိတ်ဝင်စားစရာလည်းဖြစ်ပါသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (AIO) အတွင်းရေးမှုးဟောင်း ကိုယ်ယင်ကြီးစိန်လှမောင်က အရေးကြီးမှန်းသိလို့ လက်ရွီးမူကူးပြီး အကျွန်ုပ်ရို့အားပီးဖတ်ခိုင်းပါသည်။ နိစွဲရက်စွဲ အတိအကျပါသဖြင့် စစ်တကောင်းတောင်တန်းရခိုင်သမိုင်းအတွက် အလွန်အရေးပါသော ဆောင်းပါးတပုဒ်ဖြစ်ပါသည်။ ကိုယ်ယင်ကြီးမပျံလွန်ခင် ယင်းဆောင်းပါးကို ကိုယ်ယင်ကြီး (ကျော်မြသာ) ပါးသို့ မူပွားတကော်ပီပွားနိုင်ခပါသည်။ ကိုယ်ယင်ကြီးက အင်္ဂလိပ်ဘာသာပြန်ပါသည်။ သို့သော် လည်းကောင်းဆောင်းပါးကို တေတ္တာထဲတွင်သိမ်းထားပြီး ဖြန့်ဝီးခြင်းလုံးဝမပြုလုပ်ပါ။ ကိုကျော်ဟန် AASYC ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နီစဉ်အတွင် ဘင်္ဂလားဖက်သို့ရောက်ဖြစ်၍ ဆောင်းပါးတကော်ပီရဟိနိုင်ဖို့ တောင်းကြည့်ခိုင်းပါသည်။ သို့သော် တောင်းမရဟု သိရပါသည်။ ကြည့်ရသည်မှာ ယင်းဆောင်းပါးကို လူများလိုချင်နီမှ သူ့အား အလေးထားအရေးတယူလုပ်မည်။ ယင်းဆောင်းပါးအားဖြန့်ဝီပီးလိုက်လျှင် လူများမှာ လိုချင်သည်ကို ရလားပြီးဖြစ်သည့်အတွက် သူ့အားအရေးတယူလုပ်လိမ့်မည်မဟုတ် တွေးကြောက်နီပုံရပါသည်။ ကိုယ်ယင်ကြီးကျော်မြသာလည်း ပြည်ထဲကို ပြန်ဝင်လားပြီးဖြစ်ပါသည်။ အခုအချိန်ထိ ယင်းဆောင်းပါးကို တယောက်လက်ထဲကိုလည်း ဖြန့်ဝီမပီးခပါ။ တေတ္တာထဲတွင် သော့ခတ်သိမ်းထားလျှက် ပြည်ထဲပြန်ဝင်လားပါသည်။ သို့သော် လည်းကောင်းဆောင်းပါးမှာ ရခိုင်မဂ္ဂဇင်းစာအုပ်ပါ ဆောင်းပါးဟောင်းတပုဒ်ဖြစ်သည့်အတွက် ဆရာကြီးမောင်ဗသိန်းစသော သက်တန်းရင့်စာပီသမိုင်းပညာသျှင်များ မည်သည့်မဂ္ဂဇင်း မည်သည့်အမှတ်တွင် မည်သည်သူက ရွီးသောဆောင်းပါးဖြစ်ကြောင်း အတိအကျပြောပြကောင်း ပြောပြနိုင်ပါသည်။ လည်းကောင်း ထောင်တည်မော်ကွန်းဆောင်းပါးကို ပြည်တွင်းဟိ စာပီသမိုင်းပညာသျှင်များ အယင်ဆုံးပြန်လည် ဖော်ထုတ်သင့်ပါသည်။ ဤသည်မှာ ၀တ္ထုပါအကြောင်းအရာနှင့် ယင်းလောက်ထိဆက်စပ်မှုမဟိပါ။ သို့သော် ၀တ္ထုမှာ မရိုးရွာနောက်ခံဖွဲ့ဝတ္ထုဖြစ်သဖြင့် ထောင်တည်မော်ကွန်းနှင့်ပါတ်သက်၍ အနည်းငယ် ဖော်ပြရခြင်းဖြစ်ပါသည်။ ဆက်ပြောရလျှင် ထောင်တည်မော်ကွန်းကို တောင်းမရ၍ ကိုယင်ကြီးကျော်မြသာအား အမြင်ကပ်ကပ်နှင့် ထောင်တည်မော်ကွန်းသူရဲကဗျာအား ရွီးဖြစ်လိုက်ခြင်းဖြစ်ပါသည်။ ထောင်တည်မော်ကွန်းသူရဲကဗျာအား မဖတ်ဖူးသူများဟိက ဤ၀တ္ထု၏နောက်ဆုံးပိုင်းတွင် ဖော်ပြပီးလားပါမည်။ မရိုးရွာ၏တောင်ဖက်တွင် ကြောင်သီရွာဟိပါသည်။ အိမ်ခြီခြောက်ဆောင်လောက်ရာကျန်လိုက်ပြီးဖြစ်သည်။ 1990 ခုနှစ်တွင် ရခိုင်ပြည်က ကုလားများထွက်ပြီးလာကြသောအခါ တရွာလုံးကျွတ် ၀ါကြီးမ မင်းကျွန်မ အချေသူငယ်ပါမကျန် ရွာလုံးကျွတ် ကုလားပါးမှာ မုဒိမ်းကျင့်ခြင်းခံရသော ရွာဖြစ်ပါသည်။ ဖလောင်းချိတ်က ကိုသန်းအေးရို့ဦးဆောင်သောအဖွဲ့ကလားရောက်၍ ကယ်ဆယ်ရေးပစ္စည်းလားပို့ပီးခီကတ်ပါသည်။ အကျွန်ုပ်ကား လူကိုယ်တိုင် မရောက်ဖူးပါ။

အကျွန်ုပ်ရို့စခန်းတွင် လူယင်းလောက်မများပါ။ လူ ဆယ်ယောက်သာသာလောက်ရာဟိပါသည်။ နာမည်တပ်ပြောရလျှင် သိန်းမင်း (သာထွန်းအောင်) (ပေါက်တောဇာတိ) ဘင်္ဂလားတွင်အိမ်ထောင်ကျလျှက် အချေနှစ်ယောက်ရပြီး မနာမကျန်းဖြစ်ကာ သီကျလားခပြီးဖြစ်သည်။ အလွန်သတ္တိကောင်းသူဖြစ်သည်။ စိုင်းခမောက် (စစ်တွေဇာတိ) ယခုထိုင်း ကရင်နော်ဖိုးဒုက္ခသည်စခန်းတွင် ရောက်ဟိခိုလှုံလျှက်ဟိသည်။ ထွန်းစံ (စစ်တွေဇာတိ) ယခု ဘင်္ဂလားဒေခ်ျတွင်အိမ်ထောင်ကျလျှက်ဟိသည်။ သူ၏အိမ်ထောင်ဖက်မှာ ယခင် ဗကဗကို စွန့်ခွာလျှက် ၀ါးခတ်ချောင်း၌အတည်ကျ နီထိုင်သူ ရခိုင်အမျိုးသမီးတဦးဖြစ်သည်။ ညီအစ်မနှစ်ယောက်နှင့် သမီးနှစ်ယောက်ဟိသည်။ လင်ယောက်ျားဖြစ်သူ ကိုအေးမောင်မှာ မြိုတောင်ဖက်သို့လားရောက်၍ ကောင်းရောင်းကောင်းဝယ်လုပ်စားစဉ် ဓမြတိုက်သတ်ဖြတ်ခြင်းကိုခံရသည်ဟု ကြားသိရပါသည်။ မည်သည့်အရပ်ဒေသတွင် အသတ်ခံရသည်ကို အတိအကျမသိရပါ။ အလောင်းလည်း ပြန်မရပါ။ အိမ်ပြန်မလာစွာကြာမှ သီပျာယ်ဟုယူဆပြီး အဆုံးချလိုက်ခြင်းဖြစ်သည်။ အကျွန်ုပ်ရို့ စခန်းချနီထိုင်ခသော ၀ါးခတ်ချောင်းစခန်းနှင့် (၅) မိနိလောက်တောင် မလားရပါ။ ဒိုင်းနက်ရွာအနောက်ဖက်တွင် အိမ်ဆောက်လျှက်နီကတ်ပါသည်။ စကားစပ်၍ပြောရလျှင် အကျွန်ုပ်ရို့ ၀ါးခတ်ချောင်းတွင်နီစဉ် အလောင်းစားလုပ်၍ သင်္ချိုင်းကုန်းကသော်လည်းကောင်း လားရဲမည်လား တစုံတခုလားယူရဲမည်လား စသည်ဖြင့် စပ်ကြေးလုပ်လျှင် အသက်သီဆုံးတတ်ကြောင်းပါးစပုံပြင်ဟိသည် မယုံတ၀က် ယုံတ၀က်ဖြင့် အငြင်းအခုန်ဖြစ်ကတ်ပါသည်။ ယုံကြည်သူဖက်က ခရာတေးသိန်းမောင် ရွှေယင်ကျော်ဆရာကြီး အကျင့်စာရိတ္တကောင်းမွန်သူ။ ကျောက်တန်းလမားရခိုင်ရွာတွင် စာသင်ကျောင်းဆောက်လျှက် ဒေသခံများအကျိုးစီးပွားအတွက် တစုံတခု ကောင်းကျိုးပြုနီသူဖြစ်သည်။ နောက်တယောက်က ကိုမောင်ကျော်ယိုင် (မြောက်ဦး) အကျွန်ုပ်နှင့်ကျောင်းနီဖက် အသက်တနှစ် နှစ်နှစ်ခန့်ကြီးသူဖြစ်သည်။ လောင်ချာကိုင်းစခန်းတွင် ဆီးထိုးမှား၍ ပေါင်နှစ်ဖက်စလုံးတွင် အနာကြီးဖြစ်လျှက် လမ်းမလျှောက်နိုင် ဖောင်ဖြင့်ချလျှက် အသက်ရှင်ကျန်ရစ်သူဖြစ်သည်။ လောင်ချာကိုင်းစခန်းမှာ မရိုးစခန်း၏မြောက်ဖက် တောနက်ထဲတွင်ဟိသည်။ မည်သည်လောက်ဝီးရေလဲဆိုကေ မိုးထက်စောစော (၆) ချက်တီးက လမားသို့ ဈီးပြုလားလျှင် ညဇာသား မိုးချုပ် (၈) ချက်တီး (၉) ချက်တီးလောက်မှ စခန်းသို့ပြန်ရောက်သည်။ လောင်ချာကိုင်းနှင့် မရိုးရွာမှာ မရိုးချောင်းကြောင်းတလျှောက်တွင် တည်ဟိသည်။ မရိုးရွာမှာ ရခိုင်ရွာဖြစ်သော်လည်း လောင်ချာကိုင်းမှာ နားပေါက်ကျယ်သက်ရွာဖြစ်သည်။ အကျွန်ုပ် လောင်ချာကိုင်းစခန်း၌မနီဖူးပါ။ ဆရာမမြရာဇာလင်းရို့နီဖူးပါသည်။ သို့သော် အကျွန်ုပ် အိန္ဒိယသို့မလားမှီ ဗဟုသုတအတွိအကြုံဖြစ် မြိုတောင်သို့ခရီးလားသောအခါ လောင်ချာကိုင်းရွာသို့ရောက်ဖူးခပါသည်။ အကျွန်ုပ်ရို့ မြိုတောင်ခရီးထွက်ချိန်မှာ နွီခါသားဖြစ်၍ ချောင်းရီများများစားစားမဟိပါ။ ဒူးလောက်ရာဟိပါသည်။ မှတ်မှတ်ရရ ရွီတွက်ထားသည်မှာ မရိုးရွာက လောင်ချာကိုင်းတရောက် လမ်းတလျှောက်တွင် ၄င်းမရိုးချောင်းတချောင်းတည်းကို (၄၄) ကြိမ်တိတိဖြတ်ရပါသည်။ ယင်းလောက်ထိ ခရီးဝီးပါသည်။ ကြမ်းလည်းကြမ်းပါသည်။ လောင်ချာကိုင်းစခန်းတွင် စိုင်းခမောက်လည်း နီထိုင်ဖူးပါသည်။ စိုင်းခမောက်ဟု ခေါ်ရခြင်းမှာ စိုင်းထီးဆိုင်တေးခြင်းမျာကို အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်သဖြင့် စိုင်းခမောက်ဟု နာမည်တွင်ခြင်းဖြစ်သည်။ ရခိုင်ရဟန်းပျိုများသမဂ္ဂဥက္ကဌ ကိုယ်တော်သီဟက နာမည်ပီးသည်ဟု ဆိုပါသည်။ ကိုယ်တော်ဟီဟမှာ မြောက်ဦးမြို့၏လေးမြို့ချောင်းတဖက်ကမ်း ပန်းမြောင်းဇာတိဖြစ်သည်။ စိုင်းခမောက်၏ပြောပြချက်အရ တရက်နိ သူရို့ စခန်းအတွက် ဆန်ရိက္ခာလားဝယ်အပြီးအပြန်တွင် ဆင်နှင့်ပက်ပင်းတိုး၍ ဆင်နင်းဖို့လိုက်သဖြင့် အသက်လု၍ ထွက်ပြီးလာခရသည်ဟုဆိုပါသည်။ သစ်ပင်ထက်တက်ပြီး၍ အသက်ချမ်းသာရသည်ဟုဆိုပါသည်။ ဆင်ပြန်လားအပြီး ဆန်အိပ်များကို လားကြည့်ရာ မလေးသျှားဒယွားဖြင့်ထုပ်ထားသော ဆန်ထုပ်များမှာ အားလုံးထွတ်ထွတ်ကြီအောင် နင်းပစ်ခသည်ဟုဆိုပါသည်။ ၄င်းဆင်များမှာ ACP ၏လက်ချက်ကြောင့် အငြိုးအတေးကြီးစွာဖြစ်နီသော ဆင်များဖြစ်ပါသည်။ တော်လှန်ရေးတွင် စားစရမဟိသောအခါ ဆင်စွယ်ကိုရာလားမြင်ပါသည်။ ဆင်ကိုသတ်၍ ဆင်စွယ်ကိုယူ။ ဆင်ကောင်ကို အေအတိုင်းပစ်ထားခ။ ဆင်များက ရခိုင်သားတော်လှန်ရေးသမားများဆိုလျှင် အသီရရ အရှင်ရရကိုက်စားချင်သူများဖြစ်ပါသည်။ ACP ဆိုသည်မှာ ဗိုလ်ရာဇာခေါင်းဆောင်သော NUPA အမျိုးသားညီညွတ်ရေးတပ်ဦး ရခိုင်တပ်မတော် AA မှ လက်နက် (၃၀၀) ခိုးယူပြီး အာဏာသိမ်းလားသောပါတီဖြစ်သည်။ ခေါင်းဆောင်မှာ ဦးသိန်းဖေဖြစ်သည်။ ဒုတိယခေါင်းဆောင်မှာ မင်းပြားသိန်းအဖွဲ့ထဲတွင်ပါဝင်သူ ထွန်းအောင်ကျော်ဖြစ်သည်။ တလောက ANP ပါတီတွင် ဒေါက်တာအေးမောင်ကို တရားစွဲသော ထောင်ထွက်ဆရာကြီးနှင့် တပါတီတည်းဖြစ်သည်။ တတိယခေါင်းဆောင်မှာ တိုက်စိုးဖြစ်ပါသည်။ တိုက်စိုးမှာ ၄င်းလက်နက် (၃၀၀) အား မောင်းတုန်းဖြုတ်၍ မောင်တောသို့ လက်နက်ချအလင်းဝင်ရောက်လားသူဖြစ်သည်။ အခုအသက်ရှင်လျှက်ဟိသိမ့်ရေလား သီကျလားခယာလားဆိုသည်ကိုမူကား အတိအကျမသိပါ။ ဂင်တိုတိုနှင့်လူစောက်ဆိုးဖြစ်ပါသည်။ အကျွန်ုပ်နှင့်ကား (၈၈) အရေးအခင်းဖြစ်ပြီး ၀ါးခတ်ချောင်းစခန်းတွင် တွိဖူးပါသည်။ အစ်ကိုကြီးအခုကာလမှာ ထိုပါတီ ဒေပါတီကွဲနီလို့မဖြစ်။ မြန်မာစစ်အစိုးရကို ပေါင်းတိုက်မှာရဖို့။ ဗကပနှင့်လည်း မဟာမိတ်ဖွဲ့လို့ တိုက်ကတ်ရပါဖို့ဆိုခါ သူက ဗကပစွာ နံပါတ်တစ်ရန်သူလတ်။ ယေခါ အကျွန်ုပ်ကလည်း ယေကေ ဂိုးကိုကြီးရို့လည်း ဗမာစစ်တပ်လူရာမနားလို့ပြောမိမှားခီမှာ အကျွန်ုပ်ကို သတ်ဖို့တကဲကဲလုပ်ပါသည်။ ယင်းခါကပင် အကျွန်ုပ်လည်း အေလူတိကို အမြင်ကပ်လို့ ၀ါးခတ်ချောင်းစခန်းမှာ မနီဘဲ အပြင်မှာနီပါသည်။

ဆက်ပြောရခန့်ဆိုလျှင် မရိုးစခန်းပြောင်းပြီးမှ ၀ါးခတ်ချောင်းစခန်းတွင် အကျွန်ုပ်ရို့ဆက်၍ စခန်းချပါသည်။ လောင်းကြေးလုပ် စပ်တန်းလုပ်လျှင် အသက်သီဆုံးတတ်သည် မယုံတ၀က်ယုံတ၀က် အငြင်းပွားရာ ကျွန်ုပ်က မယုံသည့်ဖက်က ပါပါသည်။ သို့သော် လုပ်ဝန့်သောသတ္တိကားမဟိ။ သီကျလားပြီးဖြစ်သော သိန်းမင်း (သာထွန်းအောင်) ကရာ ယင်းပိုင်ဆိုငါလားမည်ဟုဆိုလျှက် ကိုအေးမောင်ရို့အိမ်သို့လား၍ မှန်အိမ်ကို သက်သီပစ္စည်းအဖြစ်လားယူခီပါသည်။ ယင်းအချိန် ညဇာသား (၈) ချက်တီးခွဲခန့်ဟိပြီး အချိန်လည်းမှောင်နီပြီးဖြစ်သည်။ ကိုအေးမောင်အိမ်သျှင်မနှင့် အစ်မထမင်းစားပြီးစ မှန်အိမ်ကို စကားတခွန်းမပြောမဆိုဘဲ စခန်းသို့ယူလာခပါသည်။ လမ်းတွင် ဖီးဥပါတ်တစုံတရာမဖြစ်ပါ။ ထိုအခါမှ ဆရာကြီးသိန်းမောင်နှင့် ဆရာမောင်ကျော်ယိုင် သက္ကာယဒိဌိအစွဲပြုတ်ပါသည်။ နောက်ပိုင်း သိန်းမင်းအား မင်းမှန်အိမ်လားယူခီစွာမကြောက်လားမီးကြည့်ရာ ကြောက်ကကြောက်တေနန်းရာ။ ယေလည်း အဂယင့်ဟုတ်မဟုတ်ကို သိချင်လို့ စမ်းကြည်ရေမနားယေဟု ပြောပါသည်။ ဧရာမသတ္တိခဲမဟုတ်ပါ။ ခေါင်းဆောင်မှုမကောင်းခါ ရဲဖော်ကောင်းလူငယ်ချေတိအားလုံးဘ၀ပျက် အရွယ်မလွန်မသီသင့်ဘဲ သီကျလားခရပါသည်။

ဇတ်လမ်းကိုပြန်ဆက်ရသော် "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို" ဆိုသည်မှာ ၀တ္ထုဇတ်လမ်းနာမည်ဖြစ်ပါသည်။ မရိုးရွာတွင် ကထိန်ပွဲလား သျှင်ပြုပွဲလားမမှတ်မိလိုက်ပါယာ။ အကျွန်ုပ်ရို့ကျောင်းသားများက ဇတ်ကရမည်ဖြစ်သောကြောင့် တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကိုဇတ်ညွှန်းကို အကျွန်ုပ်က ဇတ်ကွက်ချထားခြင်းဖြစ်ပါသည်။ ဇတ်လမ်းအကျဉ်းမှာ ညီအစ်ကိုနှစ်ဦး အစ်ကိုက ဆိုးသွန်းသူ။ ဆယ်တန်းတနှစ်ကျ။ ညီနှင့်အတူစာမီးပွဲဖြေရာ နှစ်ယောက်စလုံးအောင်မြင်။ အစ်ကိုက အာဏာရဗိုလ်လုပ်ချင်သူဖြစ်၍ ဗိုလ်သင်တန်းဖြေရာ အောင်မြင်၍ ဗိုလ်လောင်းသင်တန်းတက်ရောက်။ ညီဖြစ်သူက အစ်ကိုဖြစ်သူ ဗိုလ်သင်တန်းတက်သည်ကို မနှစ်မြို့။ ညီဖြစ်သူ ဒုတိယတန်းနှစ်တွင် (၈၈၈၈) အရေးအခင်းဖြစ်၍ ဘင်္ဂလားဒေခ်ျဖက်သို့ ထွက်ပြီးလာ။ အကျွန်ုပ်ရို့နှင့်အတူ မရိုးကျောင်းသားစခန်းတွင် အတူနီထိုင်။ အစ်ကိုဖြစ်သူက ဗိုလ်အဖြစ်နှင့် ရခိုင်စစ်မျက်မှာသို့ ရှိတန်းတာဝန်ကျ။ ရခိုင်ကျောင်းသားစခန်းကိုတက်သိမ်း။ ကျောင်းသားတဦးကျဆုံး။ သုံးဦးဒါဏ်ရာရ။ ကျောင်းသားများ အသက်လု၍ထွက်ပြီးရ။ ညီဖြစ်သူက စခန်းအတွက် ရိက္ခာဝယ်၍အပြန် ဒါဏ်ရာရနှင့် သီဆုံးကျောင်းသားများကို တွိရ၍ ဒေါသဖြစ် မကြေနပ်ချက်ဖြင့် တန်ပြန်ကလေ့စားချေ။ အစ်ကိုဖြစ်သူက ကျောင်းသားစခန်းကို တိုက်ခိုက်အောင်မြင်လိုက်သဖြင့် ရွာတွင် အရက်သောက်ပြီးအောင်ပွဲခံ။ ညီဖြစ်သူက လားချောင်းသောအခါ အစ်ကိုမျက်နှာကို အထင်းသားတွိမြင်ရ။ အစ်ကိုမျက်နှာကို မြင်ရသောအခါ ချိန်ရွယ်ထားသော သေနပ်ကို အောက်ချပြီး မပစ်ဝန့်ဘဲ ချီတုံချီချဖြစ်နီ။ နောက်ဆုံး စိတ်တင်းပြီး "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို" ဆိုပြီး စိတ်ထဲက ရည်မှတ်လျှက် အစ်ကို၏ရင်ညွှန့်တည့်တည့်သို့ သေနပ်ပစ်ထည့်လိုက်သော ဇတ်လမ်းအကျဉ်းဖြစ်ပါသည်။ ဇတ်လမ်းကို ညီဖြစ်သူအဖြစ်ဇတ်ကရသူမှာ စိုင်းခမောက်ဖြစ်ပါသည်။ အစ်ကိုအဖြစ် သရုပ်ဆောင်ရသူက ALP က ကိုမျိုးချစ်ဖြစ်ပါသည်။ ကိုပြည်သိမ်း (ကိုထွန်းထွန်း)(မြောက်ဦး) ကားဆွဲကုလားကာချ တာဝန်ယူရသည်။ နီပူကြဲကြဲဇတ်တိုက်သောအခါ အကျွန်ုပ်က ပုလီမှုတ် ကိုယ်ပြည်သိမ်းက ကားဆွဲရသည်။ ကုလားကာမဟိ။ လက်ဟန်ခြီဟန်ဖြင့် ကားဆွဲချရသည်။ အကျွန်ုပ်က ပုလီမှုတ်၍ ကိုပြည်သိမ်းက ကားမဆွဲလျှင် အကျွန်ုပ်က မာန်ပါသဖြင့် ပြန်တွက်ကြည့်လျှင် ကောင်းကောင်းရယ်ရပါသည်။

မရိုးစခန်းတွင် ကိုဇာဏီ (စစ်တွေ)၊ ကိုထွန်းစံ (စစ်တွေ)၊ ကိုရန်အောင် (ရသေ့တောင်)၊ ကိုမြတ်ကျော် (ယခု နရဉ္စရာသတင်းထောက်)၊ ကိုစံသာအောင် (ယခု အမေရိက)၊ ကိုမျိုးချစ် (ALP)၊ ခိုင်မုန်တိုင်း (စစ်တွေ)၊ အကျွန်ုပ်အပါအားလုံးဆယ်ယောက်လောက်ဟိပါသည်။ များများစားမစားမဟိပါ။ ကျောင်းသူလူငယ်တချို့ အပြင်တွင်နီထိုင်၍ ကျောင်းသားစခန်းကို ကူညီထောက်ပံ့မှုများပြုလုပ်ကတ်ပါသည်။ ထိုအထဲတွင် ခရာတေးသိန်းမောင်၊ နခေါင်းချောင်း၌အိမ်ထောင်ကျနီသူ ကိုသန်းမြင့်၊ ဆရာမမြရာဇာလင်း၏မွီးစားသမီးနှင့်အိမ်ထောင်ကျနီသူ ကိုစံကျော်ရို့လည်းပါဝင်ပါသည်။ ကိုသန်းမြင့်နှင့် ကိုစံကျော်မှာ ဖလောင်းချိတ်တွင် ပန်းထိမ်လုပ်လျှက် ရပ်တည်ပါသည်။ ကိုဖိုးလှ၏ညီကား ဖလောင်းချိတ်တွင် အိမ်ထောင်ကျလျှက် အပြင်ပ၌ရပ်တည်ပါသည်။ ကျောင်းသားများကို အဓိကထောက်ပံ့သူတဦးမှာ ပန်းထိမ်ဆရာ ကိုမောင်အေးချမ်းဖြစ်ပါသည်။ (၈၈) သျှစ်မတိုင်ခင်ကတည်းက တော်လှန်ရေးကိစ္စနှင့် ရခိုင်ပြည်ကထွက်ပြီးလာရသူတဦးဖြစ်သည်။ ကိုစံသာအောင်၊ ကိုပြည်သိမ်းရို့နှင့် ပိုရင်းနှီးသည်။ တရက်နိ ခရာတေးသိန်းမောင် စခန်းထဲသို့အလည်ရောက်ပါသည်။ အကျွန်ုပ်ရို့စခန်းတွင် သေနပ်ဆို၍ AIO ရဲဘော်ကြီးကိုသန်းရွှေ လုပ်ပီးထားသော လုပ်သေနပ် ယမ်းထောင်းတလက်ရာ ဟိပါသည်။ ယင်းချင့်ကို ကျည်ထိုးမောင်းတင်ထားသည်ကို မသိပဲ ကိုသိန်းမောင်က မောင်းခလုတ်ကို လက်ကုတ်လိုက်ရာ ကံကောင်းထောက်မ၍ ပြောင်းဝက ထောင်လျှက်သားဖြစ်နီသဖြင့် ခေါင်မိုးဝါးလုံးထွတ်ထွတ်ကြီလားသည်။ အကျွန်ုပ်ရို့ကား သီကြီအနာတရမဖြစ်လိုက်။ သေနပ်ကျည်ဆံပေါက်ထွက်လားပြီးခါမှာ ကိုသိန်းမောင်မှာ ကိုယ့်အပြစ်နှင့်ကိုယ် မျက်စိပြူးမျက်ဆံပြူးဖြစ်နီပါသည်။ သေနတ်ကိုင်ဆောင်သူတာဝန်ခံ၏ပေါ့ဆမှုကြောင့်လည်းဖြစ်ပါသည်။

မရိုးရွာ၌ကထိန်ပွဲလုပ်သောအခါ အကျွန်ုပ်ရို့က ဦးမြ၀ါဒုံးယိမ်း၊ ရခိုင်ရိုးရာ ငပျင်းထွေဟာသဖြင့် ကပြဖြေဖျော်ပါသည်။ ငပျင်းထွေအဖြစ်သရုပ်ဆောင်သူမှာ ကိုဇာဏီ (စစ်တွေ) ဖြစ်ပြီး မယားသည်အဖြစ်သရုပ်ဆောင်သူမှာ ကိုမျိုးချစ် (ALP) ဖြစ်ပါသည်။ သရုပ်ဆောင်က အသက်ဝင်သဖြင့် ပရိတ်သတ်အားလုံး အူဆို့ပါအောင်ရယ်ကတ်ရပါသည်။ အူဆို့ပါအောင်ရယ်ပြီး များမကြာ ငိုပွဲနှင့်ကြုံပါသည်။ ဘင်္ဂလားဒေခ်ျတွင် အခုပိုင် ရိုးရာပျော်ပွဲရွှင်ပွဲနည်းပါးပါသည်။ တခြားရွာကျောင်းက ကိုယ်တော်တပါးလည်း ပျော်လွန်း၍ လူထွက်ပြီး ပွဲကို ဓါတ်ပုံရိုက်ပါသည်။ အကျွန်ုပ်ရို့ကျောင်းသားများကလည်း မြန်မာအစိုးရကို ဓါတ်ပုံပို့ဖို့ရိုက်သည်ဟု အထင်မှားပြီးဖမ်းပါသည်။ ကိုမျိုးချစ်က လက်ပြန်ကြိုးချိုင်၍ စခန်းဖက်သို့ ခေါ်ယူလားပါသည်။ အကျွန်ုပ်ရို့ကလည်း အစ်ကို ဖမ်းကဖမ်းယူလား ယေကေလည်း သတ်ကမသတ်လီကဲ့ မှာလိုက်ပါသည်။ ကိုမျိုးချစ်မှာ ကချင်ပြန်ဖြစ်ပြီး ကချင်၌စစ်သူရဲကောင်းဆုတံဆိပ်ရဟိထားသူဖြစ်သည်ကတကြောင်း ကောင်းကောင်းလက်ယင်ပါသည်။ စခန်းထိမရောက် လမ်းတွင် ခါးပတ်ဖြုတ်ပြီး ယူထည့်လိုက်သည်။ ထိုပြသနာဖြစ်ပြီးမကြာ မိုးလည်း ချက်ချင်းကောက်ရွာပါသည်။ အကျွန်ုပ်ရို့ အားကြိုးမာန်တက် ပျင်ဆင်ထားသော "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါအစ်ကို" ဇတ်လမ်းကို ကဖို့တောင်မရလိုက် ပွဲပျက်လားရပါသည်။ ဘုန်းကြီးလူထွက်ကို ဖမ်းလားရေသတင်း ဘင်္ဂလားရဲတိသတင်းကြား၍လိုက်ရှာရာ ဘုန်းကြီးလူထွက်ကို နောက်ကုန်းတွင် ခါးပတ်ရှာအစင်းစင်းနှင့် တွိရပါသည်။ အကျွန်ုပ်နှင့် ကိုပြည်သိမ်းနှစ်ယောက် တက်စားအဖမ်းခံရပါသည်။ ရွာသားများကောင်းမှု မရမက ငွေကောက်ခံပြီး ဘင်္ဂလားရဲအား ငွေတထောင်ကျော်လဘ်ထိုးပြီးမှ အဖမ်းလွတ်ပါသည်။ ကောင်းမကြာ ကိုမျိုးချစ်ဦးဆောင်သော ALP အုပ်စု အိန္ဒိယဖက်သို့ လက်နက်လားပို့ပါသည်။ လမ်းတွင် ဘင်္ဂလား (BDR) နယ်စောင့်ရဲများက ပရိယာယ်သုံးပြီး ထမင်းစားခေါ်ဖိတ်ပါသည်။ ကိုကျော်သန်း (ခိုင်ကြီး) ယခုကနေဒါက အတန်တန်မယုံဖို့ပြောသော်လည်းလက်မခံ။ ခေါင်းဆောင်အမိန့်နာခံရမည်အာဏာသုံးသဖြင့် အားလုံးလက်နက် အသိမ်းခံရ လူလည်းအဖမ်းကျ လက်နက် တဆယ်ကျော် အလကားဆုံးလားရပါသည်။ ကုလားများညာဏ်ကို ရခိုင်သား ခြီဖျားတောင်လိုက်မမှီပါ။ မှားလားပါရေဆိုခါက လက်ထဲမှာ (ဗျ) ကျန်လားခယာ။ အေဇတ်လမ်းကား မပြီးပါသိမ့်။ အေဇတ်လမ်း၏နောက်ဆက်တွဲဖြစ်သော ALP အတွင်းရေးမှုးခိုင်မျိုးမင်း ဒေလီ၌ နဖူးကို ပေါက်ဆိန်ဖြင့်အပေါက်ခံရသော ဇတ်လမ်းဟိပါသိမ့်သည်။ ဖတ်ချင်လျှင် ဆက်လက်စောင့်မျှော်ပါ။ ပထမအခန်းအဖြစ် "တာဝန်အရဖြစ်လို့ ခွင့်လွှတ်ပါဇတ်လမ်း" ကို ဤတွင် နိတ္ထိတံအဆုံးသတ်ပါသည်။ လိုအပ်သည် ကျကျန်ခသည်များဟိက ဇတ်လမ်းတွင်ကိုယ်တိုင်ကိုယ်တွိပါဝင်ခသူများ ထပ်မံဖြည့်စွက် တင်ပြနိုင်ပါကြောင်း။

(ရခိုင်ပေါင်းကူး သာလှဦး)
အောက်တိုဘာလ (၂၅) တလင်္ဂုနီနိ၊ ၂၀၁၅။


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|