ဟာရဘင်းသို့

ဟာရဘင်းသို့
==========

ကျွန်တော်နှင့် ခိုင်မြတ်ကျော် (ယခု နရိဉ္စရာသတင်း အယ်ဒီတာချုပ်) ရွာတော်ပရဟိတဆရာတော် ဦးဝါယမိန္ဒရောက်နီသည်ဟုသတင်းကြား၍ ဖလောင်းချိတ်ျေကျာင်းကြီးကျောင်းသို့လားတွိဖြစ်ပါသည်။ သို့သော် ဆရာတော်မှာ ရွာတော်ပရဟိတဆရာတော်မဟုတ်ပဲ ဟာရဘင်းပရဟိတဆရာတော် ဦးရာဇိန္ဒဖြစ်နီပါသည်။ လူမှားပြီးရောက်လားသော်လည်း (၈၈) အရေးအခင်းနှင့်ထွက်ပြီးပါလတ်သော ကျောင်းသားများဖြစ်၍ ဆရာတော်က အကျွန်ုပ်ရို့နှစ်ယောက်အား သူ၏ဘုန်းတော်ကြီးကျောင်းတွင်နီထိုင်ရန်ခေါ်ယူလားပါသည်။ ၁၉၈၉ ခု နှောင်းပိုင်းလောက်ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ ဟာရဘင်းရွာသည် ဗိုလ်ချင်းပြန်ရို့ အနောက်ဘင်္ဂလားသို့ ထွက်ပြီးတိမ်းယှောင်လာစဉ်က တည်ခသောရွာဖြစ်ပါသည်။ ဗိုလ်ရာဇာစစ်ကြောင်းနှင့်အတူလိုက်ပါလာသော ဗိုလ်မှုးကြီးကြာဖြူအောင်လည်း ဤရွာတွင် အပျိုကြီးမငွေစိန်နှင့်အိမ်ထောင်ကျပါသည်။ မငွေစိန်နှင့် နားဖောက်ပီးသူမှာ ကိုအောင်ကျော်သိန်း (မင်းပြား) ဖြစ်သည်။ ယခု ပြည်ထဲသို့ ပြန်ဝင်လားပြီးဖြစ်သည်။ ဆီးချိုရောဂါဖြင့်ကွယ်လွန်ချိန်မှာလည်း ဤရွာ၌ပင် ကွယ်လွန်လားပါသည်။ ဆရာတော်၏ကျောင်းတွင် ယခင် AIO အတွင်းရေးမှုးဟောင်း မောင်သျှင်ကြီးစိန်လှမောင်လည်း နီထိုင်လျှက်ဟိသည်။ မောင်သျှင်ကြီးသည် ဗကပမှ အမျိုးသားရေးလိုင်းသို့ ဦးစွာပထမ ကူးပြောင်းလာသော အတွေးအခေါ်အမြောအမြင်ဟိသော ခေါင်းဆောင်တဦးဖြစ်သည်။ အကျွန်ုပ်ရို့ရောက်လားချိန်၌ပင် အသက် (၇၀) ကျော်နီပြီးဖြစ်သည်။ မောင်သျှင်ကြီး ဟာရဘင်းပရဟိတကျောင်း၌ဟိစဉ်ပင်လျှင် ထောင်တည်မော်ကွန်းကို မောင်သျှင်ကြီးကျော်မြသာလက်ထဲသို့ မူပွားတစောင်ပီးထားနိုင်ခပါသည်။ မောင်သျှင်ကြီးလက်ထဲ၌ ရမ်းဗြဲတောင်ကျောင်းဆရာတော်ရွီးသော ရခိုင်ရာဇ၀င်သစ်ကျမ်း ဒုတိယတွဲလည်းဟိသည်။ ဗိုလ်ချင်းပြန်တော်လှန်ရေး အင်တန်များများအသေးစိတ်ပါသည်။ ဗိုလ်ချင်းပြန်တော်လှန်ရေးအကျဉ်းချုပ်ကို အကျွန်ုပ်က လက်ရွီးဖြင့်ကောက်နှုတ်၍ အိန္ဒိယသို့လားသောအခါ ကော်ပီကူးယူလားပါသည်။ နောင်အခါ ရခိုင်တော်လှန်ရေးနိဒါန်းခေါင်းစဉ်တပ်လျှက် ရခိုင်ကျောင်းသားများကွန်ကရက် (ASC) (အိန္ဒိယ) နာမည်ဖြင့် Type ရိုက်ပြီး ဖြန့်ဝီခပါသည်။ အိန္ဒိယခရီးစဉ်အကြောင်းကို နောက်မှ ဆက်ရွီးပါမည်။ ယခုလောလောဆယ်တွင် ဟာရဘင်းအကြောင်းအနည်းငယ် ဆက်ရွီးပါဦးမည်။

ဟာရဘင်းပရဟိတကျောင်းမှာ ဟာရဘင်းရွာ၏တောင်ဖက်ခြမ်းတွင်ဟိသည်။ ရွာနှင့်ဘုန်းကြီးကျောင်းအကြား ချောင်းချေတခုဟိသည်။ ချောင်းဆိုသော်လည်း ယင်းလောက်မကြီးပါ၊ မြောင်သာသာရာဟိသည်။ ရီချိုချောင်းဖြစ်သဖြင့် ရွာသားများအတွက် ရီချိုး အ၀တ်ဖွတ် ကောင်းကောင်းအသုံးကျသည်။ ချောင်းတလျှောက် ကြခတ်ဝါးပင်များစိုက်ပျိုးထားသဖြင့် အရိပ်မြိုင်ပြီး စိမ်းလမ်းစိုပြေဟိသည်။ ၄င်းချောင်းကိုကျော်၍ ကိုက်တရာလောက်တောင်မ၀ီး တမိနစ်ခန့်လမ်းလျှောက်လားလျှင် ဘုန်းကြီးကျောင်းသို့ရောက်သည်။ ဘုန်းကြီးကျောင်းမှာ ရွာဖက်မြောက်ဖက်သို့မျက်နှာမူလျှက် ပရဟိတကျောင်းဆောင်မှာ ဘုန်းကြီးကျောင်းနှင့်ရှိဆိုင် ရွာကိုနောက်ခိုင်းလျှက် မြီထိုင်သံဖြူမိုး ပေတရာခန့် ရှည်လျားလျားအဆောက်အဦးဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်အကြားတွင် ကွင်းပြင်ကျယ်ဟိသည်။ ၄င်းကွင်းပြင်တွင် မိုးထစောစောကျောင်းဖွင့်တိုင်း ရခိုင်နိုင်ငံတော်တေးခြင်းကို ဆိုသည်။ ရခိုင်နိုင်ငံတော်တေးခြင်းအဖြစ် "ရက္ခပူရိ" တေးခြင်းကို သတ်မှတ်ထားသည်။ ကျောင်သူကျောင်းသား (၇၀) ကျော်ခန့်ဟိသည်။ စစ်တကောင်းတောင်တန်းနယ်အ၀ှမ်းမှ ဆင်းရဲသူဆင်းရဲသား ကျောင်းအိပ်ကျောင်းစားအချေသူငယ် (၂၀) ကျော်ခန့်ဟိသည်။ ကျောင်းသားအများစုမှာ ရွာကလာတက်သည်က များသည်။ ပရဟိတကျောင်းမှာ (World Vision) အကူအညီဖြင့်ဆောင်လုပ်ထားသောကျောင်းဖြစ်သည်။ မြန်မာပြည်တွင် ယခုအချိန်၌ (World Vision) ရောက်လျှက်ဟိသည် မဟိသည်ကိုကား အတိအကျမသိ။

ဗကဗမှ ထွက်လာသူ ဆီးမှုးသိန်းထွန်းအောင်ရို့သားအဖလည်း ရွာ၌နီသည်။ ကိုသိန်းထွန်းအောင်မှာ ပရဟိတကျောင်း၌ ကျမ္မာရီးမှုးအဖြစ်အလုပ်ရ၍ လစ၀င်ငွေရသည်။ ရမလပဥက္ကဌအဖိုးမောင်စိန်ညွန်၏သားလည်း ပရဟိတကျောင်း၌နီသည်။ ဘင်္ဂလားဆယ်တန်းအောင်ဖို့ကြိုးစားသော်လည်း မအောင်နိုင်ဖြစ်နီသည်။ ဘင်္ဂလီဘာသာစကား၌ အားနည်းသောကြောင့်ဖြစ်သည်။ ပရဟိတကျောင်းတွင် စေတနာပေါက်ဆရာအဖြစ် အချေများအား စာသင်ပီးသည်။ ယခုနောက်ပိုင်း လုံးဝသတင်းမကြားလီပျာယ်။ အဆက်အသွယ်အားလုံးပြတ်တောက်လားသည်။ နောက် ဆံဖြူမောင်ချစ်လည်း ရွာ၌နီသည်။ ကိုမောင်ချစ်မှာ အရေးအခင်းကြောင့် စစ်တွေမှထွက်ပြီးလာသူဖြစ်ပြီး ရွာ၌ဆွီမျိုးများဟိသဖြင့် ဆွီမျိုးများအိမ်၌နီသည်။ ရခိုင့်တော်လှန်ရီးအဖွဲ့အစည်းများကို အယုံအကြည်မဟိသဖြင့် တော်လှန်ရီး နိုင်ငံရီးနှင့် ကင်းကင်းယှင်းယှင်းနီသည်။ နောက်ပိုင်း ဒက္ကသို့လားရောက်၍ ဆီးဆိုးပန်းရိုက်လုပ်ကိုင်သည်။ အစပိုင်း စီးပွားရီးလုံးဝ အဆင်မပြေ။ ယခု အိမ်ထောင်ကျလျှက် စီးပွားရီးလည်းတည်ငြိမ်လားပြီးဖြစ်ကြောင်းကြားသိရသည်။ နောက်တယောက်မှာ (AIO) ရဲဖော်ဟောင်း ကိုစောထွန်း အိန္ဒိယနိုင်ငံ အန္ဒမန်ကျွန်း၌ ဗိုလ်ရာဇာရို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ခြင်းခံရသူဖြစ်သည်။ ကိုစောထွန်းလည်း ဟာရဘင်းရွာထဲ၌နီသည်။ ကိုစောထွန်းမှာ မြောက်ဦးမြို့ မြက်ရိပ်ကျွန်းတဖက်ကမ်း ပန်းမြောင်းဇာတိဖြစ်သည်။

ဟာရဘင်းရွာသည် အယင် အိမ်ခေါင်ပေါ် တထောင်ကျော်ဟိသော ရွာကြီးတရွာဖြစ်သည်။ နောက်ပိုင်း ကုလားလူဦးရွီများလာသဖြင့် ရခိုင်ပြည်ဖက်သို့ ပြောင်းရွှိလားခကတ်သဖြင့် ယခုအခါ အိမ်ခြီ (၂၀၀) ခန့်ရာ ကျန်လိုက်ပြီးဖြစ်သည်။ သို့သော် ဘုန်းကြီးကျောင်းကား ခြောက်ကျောင်း။ ပရဟိကျောင်းနှင့် လက်ဝဲဖက်ကပ်ရပ် တခြားတောင်ကုန်းတခုတွင် ဘုန်းကြီးကျောင်းတကျောင်းဟိသည်။ ညာဖက်တွင် တောင်ကြက်ဦးကျောင်းဟိသည်။ ယင်းနောက် ရွာကျောင်းတကျေင်းနှင့် မရမာကြီးလူမျိုးများကိုးကွယ်သော တောကျောင်းတကျောင်း။ တောကျောင်းတွင် ကျောက်ဖြူက ကိုတော်ချေတပါးကျောင်းထိုင်သည်။ တောင်ကြက်ဦးကျောင်းတွင် အကျွန်ုပ်ရို့နှင့် ရန်ကုန်ကတည်းကသိသော ဆရာတော်တပါးကျောင်းထိုင်သည်။ တောင်ကြက်ဥကျောင်းကိုကား လယ်ကွင်းများပတ်ပတ်လည်ဝိုင်းထားသည်။

ဟာရဘင်းရွာ၌ထူးခြားသည်မှာ အကျွန်ုပ်ရို့ဟိစဉ် ရခိုင်မရမာ သင်္ဃကောင်စီအစည်းအဝေးကျင့်ပခြင်းဖြစ်သည်။ မရမာဆိုသည်မှာ မရမာကြီးလူမျိုးမဟုတ်ပါ။ ဗိုလ်မင်းထောင်မှ ရခိုင်များက ရခိုင်မခံ မိမိကိုယ်ကို မရာမာလူမျိုးဟုခံယူကတ်ပါသည်။ ဤ မရမာဝေါဟာရမှာ အလွန်အငြင်းပွားရသော ဝေါဟာရဖြစ်သည်။ မြီပြန့်ရခိုင်များက မိမိကိုယ်မိမိ ရခိုင်ခံယူကတ်သည်။ ဗိုလ်မင်းထောင်ဗိုလ်မင်းများက သူရို့သည် မင်းရာဇာကြီးသိမ်းယူခသော ပဲခူးနန္ဒဘုရင်၏သားတော်အနွယ်အဆက်ဟု ခံယူကတ်သည်။ စကားပြောလျှင်ကား ရခိုင်စကားပြောပါသည်။ သူရို့၏အဆို မှားသည်ဟု ပြော၍မရ။ ဆရာကြီးဦးစံသာအောင်မကွယ်လွန်ခင်နောက်ဆုံးထုတ်ခသော ရခိုင့်တန်ဆောင်မဂ္ဂဇင်းအမှတ် (၁ရ) လား (၁၈) လား အတိအကျမမှတ်မိ။ ယင်းမဂ္ဂဇင်းပါ ဆရာကြီးကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့်ရွီးသားသောဆောင်းပါးတွင်လည်း ထိုသို့ဆိုထားပါသည်။ ဤသမိုင်းဟာကွက်ကို ရခိုင်သမိုင်းသုတေသီကြီးများများစားစား သုတေသနပြုဆောင်းပါးရွီးသားသည်များကို မတွိရ။ ဆရာကြီးစံသာအောင်၏ဆောင်းပါးမှာရာ အရိပ်အမြွက်ဖော်ပြထားသည်။ သို့သော် မည်သည့်ကျမ်းကို ကိုးကားသည် မည်သည်ကို အထောက်အထားပြုသည်ဟူ၍ကား ဖော်ပြမထား။ သို့သော် မရမာလူမျိုးများကား သူရို့၏သမိုင်းကိုချဲ့ကား၍ သူရို့သည် နန္ဒဘုရင်၏သားနှင့် ရခိုင်ဘုရင့်သမီးတော်၏အဆက်အနွယ်များဟု လုပ်ကြံဇတ်လမ်းဖန်တီးထားသည်ကိုလည်း မရမာဘုန်းတော်ကြီးတပါး ရွီးသားသော ရွာတော်ထုတ် မဂ္ဂဇင်းတအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖတ်ခရပါသည်။ ယုတ္တိယုတ္တာကားမဟိ။ အထောက်အထားအကိုးအကားလည်းမဟိ။ စိတ်ကူးယဉ်ပါးစရာဇ၀င်အား လက်ကမြင်းထားခြင်းဖြစ်သည်။ စစ်ယှုံးဘုရင်၏သားတော်နှင့် စစ်နိုင်ဘုရင်၏သမီးတော်ကို ထိမ်းမြားပီသည်ဆိုခြင်းမှာ ယုတ္တိကင်းမဲ့လှသည်။ အကျွန်ုပ် အိန္ဒိယသို့မလားမှီ ရွာတော်၌ ကိုယ်ယင်ဝတ်ဖြင့် တ၀ါဆိုစဉ် ကိုယ်တော်ဝါယမိန္ဒပြောသည်မှာကား သူရို့ဟုတ်ချင်ဟုတ်မည် ငါရို့ကားမဟုတ်ဟုဆိုသည်။

ဇတ်လမ်းကိုပြန်ဆက်ရသော် ရခိုင်မရမာ သင်္ဃကောင်စီအစည်းအဝေးတွင် အကျွနင်္ုပ်ရို့ သုံးရက်လုံးလုံးဇတ်ကရပါသည်။ ဇတ်လိုက်မင်းသမီးမှာ မန္တလေးဇာတိ ဗမာအမျိုးသမီးတဦးဖြစ်သည်။ ဘင်္ဂလီကုလားတယောက်နှင့်ခိုးရွာလိုက်လာပြီး သူ့ယောက်ျးဇာတိ ဘင်္ဂလားတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့် အခြီချ၍ သားကြီးမယားကြီးရခါပြီးမှ သူ့လင်သည်က နောက်မယားယူလားသဖြင့် မခံမရပ်နိုင်ဖြစ်ပြီး အိမ်ထောင်ကွဲကာ ဟာရဘင်းတွင် ရောက်ဟိနီထိုင်သူဖြစ်သည်။ သူမ၏ပြောပြချအရ သူနှင့်မယူခင် သူ့ယောက်ျားက ရခိုင်ခံပြီးလိမ်ခိုယူလာခြင်းဖြစ်ကြောင်း ဘင်္ဂလားသို့ရောက်ပြီးမှရာ ကုလားဖြစ်ကြောင်းသိရကြောင်း အကျွန်ုပ်ရို့အား ရင်ဖွင့်ပြောဆိုပါသည်။ ဗိုလ်မှုးကြာဖြူအောင်၏ဇနီးမယားလောင်း အပျိုကြီးမငွေစိန်ရို့မိသားစုက သနားသဖြင့် သူရို့အိမ်တင်၍ ကြည့်ရှုစောင့်မထားပါသည်။

ဇတ်ကရာတွင် ကိုမြတ်ကျော်က ဇတ်ညွှန်းရွီး၍ အကျွန်ုပ်က လူသတ်ဘရ၀ါအခန်းက သရုပ်ဆောင်ရပါသည်။ ရယ်ရသည်မှာ ကျွန်ုပ်ကား ဇတ်တိုက်သောအခါ ကောင်းကောင်းနားမဆောင် မင်းသားမင်းသမီးလွမ်းချိန်မရောက်ခင် မင်းသမီးအား ကားစင်ထက်၌ အကျွနင်္ုပ်က လိုင်ဖင်းဖြတ်လိုက်ခြင်းဖြစ်သည်။ အကျွန်ုပ်လိုင်ဖင်းဖြတ်လိုက်သော်လည်း မင်းသမီးကားမသီ အူဆို့ပါအောင်ရယ်ရပါသည်။ အကျွန်ုပ်လည်း ဇာလုပ်၍ ဇာကိုင်ရမှန်းမသိ။ ကြောင်တိကြောင်တောင်နှင့် ပရိသတ်ပါးမှာ အဆဲကျသည်။ ဇတ်ညွှန်းဆရာ ကိုမြတ်ကျော်လည်း ကောင်းကောင်းမာန်ပါပါသည်။ အကျွန်ုပ်ကား ကိုယ့်အပြစ်နှင့်ကိုယ် ငြိမ်ခံနီလိုက်ရသည်။ ဇတ်လိုက်လုပ်သူမှာ ဟာရဘင်းရွာဇာတိ ပရဟိတကျောင်း၌ ကျောင်းဆရာလုပ်နီသူ အရပ်ရှည်ရှည် အရုပ်ဖြောင့်ဖြောင့် ကိုကာလာဖြစ်သည်။ ယခုလည်း ယင်းပရဟိတကျောင်း၌ ကျောင်းဆရာလုပ်၍ ဟိသည်မဟိသည်ကိုကား သတင်းမကြားမိပါပျာယ်။

ဘုန်းကြီးကျောင်းတွင် ရခိုင်ပြည်မှ ကိုယ်တော်ချေတပါးလည်းဟိပါသည်။ အသံကောင်းသည်။ ဇတ်ကရာတွင် ရခိုင်တေးခြင်းဖြင့်နောက်ခံရခိုင်တေးခြင်းများ ဆိုပီးပါသည်။ တီးဝိုင်းအား အခင်ကြီးစောရာဇာ (မင်းပြား) က ဦးစီးဆောင်ရွက်ပီးပါသည်။ စစ်တကောင်းတောင်တန်းနယ်၌ ဒုတိယအိမ်ထောင်ကျလျှက်ဟိသည်။ Facebook စာမျှက်နှာတွင် ဆောင်းပါးများရွီးသားသည်များကိုလည်း မကြာမကြာတွိမြင်ရသည်။ အကျွန်ုပ်ကား ဦးမြ၀ါဒုံးယိမ်းကို ဦးဆောင်ပါသည်။ ကိုအောင်ကျော်သိန်းက ဟာသနှင့် ရထားပန်းယိုင် ယိမ်းအကများကို ဦးစီးသည်။ ကိုသိန်းထွန်းအောင်ကား ငပျင်းထွေ၊ ရမလပဥက္ကဌ အဖိုးမောင်စိန်ညွန်၏သားကား မယ်ဒလိန်ဖြင့် ရခိုင်တေးခြင်းအဆိုတော်၊ မောင်တောက အစ်မတယောက်လည်း ရခိုင်ရိုးရာအက စေတနာဖြင့်လာသင်ပြပီးပါသည်။ မြစ်နားရွာ၌အိမ်ထောင်ကျနီသူ ကိုကျော်မင်းက ခေတ်ပေါ်ရခိုင်တေးခြင်းများဖြင့် ဖြေဖျော်ပါသည်။ ဘင်္ဂလား၌ ရခိုင်ရိုးရာဇတ်ကခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၍ ရွာသူရွာသားများ အလွန်ကြိုက်နှစ်သက်ကတ်ပါသည်။

ဟာရဘင်း၌နီစဉ် ရခိုင်ဝေါဟာရ လေးလုံးကို သတိထားမိပါသည်.။ (၁) ပတ္တမြား (၂) တောအူ (၃) မျှ (၄) ကိုဘင် ယှားပါးရခိုင်ဝေါဟာရလေးလုံးဖြစ်သည်။ (ပိုးမီးစုန်း) ကို မြန်မာများက (ပိုးစုန်းကြူး) ဟုခေါ်သည်ကို ရခိုင်သားဥချေပေါက်ချေက အစသိသည်။ စကားစပ်မိ၍ ကျွန်သက် နှစ် (၂၂၉) လား (၂၃၀) လား အတိအကျမမှတ်မိလိုက်ပါယာ။ မင်းနီမြို့တော် မြောက်ဦးရွှီမြို့သားတိ လဒမှိုင်နိမှာထုတ်တေ ကဗျာစာအုပ်တအုပ်မှာ (ပိုးစုန်းကြူး) ဟု အရှက်အသရေကင်းမဲ့စွာ ခိုးချထားသည်ကို ဖတ်လိုက်ရပါသည်။ ထို့ကြောင့် (ပိုးမီးစုန်း) (ပတ္တမြား) ယှားပါးရခိုင်ဝေါဟာရနှစ်လုံးကို ဖော်ထုတ်ချင်၍ နောက်ဆုံးအပိုဒ်ကို ဖြည့်စွက်ရွီးသားလိုက်ရပါသည်။

တရက်နိညဇာသား ပိုးမီးစုန်းထွက်ပါသည်။ ထိုအခါ အကျွန်ုပ်က ရခိုင်အခေါ်ကို သိချင်၍ ဟာရဘင်းရွာသား ပရဟိတကျောင်း၌နီထိုင်သူ ညအိပ်ကျောင်းသားများအားကြီးကြပ်သူ ကိုအထွန်းချေအား ကောက်ကာငင်ကာ ဗြုန်းခနန်း ကောက်မီးလိုက်ပါသည်။ အစ်ကိုအစ်ကို အေအကောင်ကို အစ်ကိုရို့မှာ ဇာခေါ်ရေလဲ။ ထိုအခါ ကိုအထွန်းချေက (ပတ္တမြား) ဟုခေါ်ကြောင်းပြောပါသည်။ နောက်အသုံးတခုမှာ (မျှ) အသုံးဖြစ်ပါသည်။ အချေခါ သင်္ချာတွက်သောအခါ အဖြေမှာ မည်မျှဖြစ်သနည်း မီးခွန်း။ (မျှ) အသုံးကို မြန်မာစာတွင်ရာတွိရသည်။ မြန်မာစကားတွင် လုံးဝမတွိရ။ ဟာရဘင်းရွာကိုရောက်မှ (မျှ) အသုံးကို အခုထက်ထိ ရခိုင်သားများ ပြောဆိုသုံးနှုံးလျှက်ဟိကြောင်းသိရပါသည်။ ဈီးပြုသောအခါ ဈီးဝယ်သောအခါ (မျှလောက်လဲ) ဟု ဈီးမီးပြောဆိုသည်ကို ကြားသိခရပါသည်။ အကျွန်ုပ်ရို့ ဟာရ်ဘင်းဘုန်းတော်ကြီးကျောင်း၌ တနှစ်လောက်နီဖြစ်ပါသည်။ နွီခါသားရောက်၍ (ဝေါ) ငှက်မြည်သောအခါ အကျွန်ုပ်က ကိုအထွန်းချေအား အေငှက်ကို ဂိုးချေရို့မှာ ဇာငှက်ခေါ်ရေလဲ မီးလိုက်ပါသည်။ ကိုအထွန်းချေက (တောအူ) ခေါ်ကြောင်းပြောပြပါသည်။ (ဝေါ) ငှက်ဟုခေါ်သည်ကို အမတ်ကြီးဦးသာနိုးက အကျွန်ုပ်ရို့ဒေလီ၌နီစဉ်ပြောပြဖူးပါသည်။

နောက်အသုံးတခုမှာ (ကိုဘင်) ဟူသော အသုံးဖြစ်သည်။ (ကိုဘင်) ကို ကြီးသူက ငယ်သူကိုခေါ်သောအခါတွင်လည်းကောင်း ငယ်သူက ကြီးသူကိုခေါ်သောအခါတွင်လည်းကောင်း ယဉ်ကျေးသမှုသုံးပါသည်။ ရခိုင်ဝေါဟာရစစ်စစ်ဖြစ်ပြီး ပြည်မရခိုင်ပြည်တွင် ဤအသုံးကို လုံးဝမတွိရပါ။

(တောအူ) အသုံးနှင့်ပတ်သက်၍ ၂၀၀၆ ခုနှစ်လောက်က အကျွန်ုပ် ထိုင်းသို့ ရခိုင်ကျောင်းသားပေါင်းစည်းရီးညီလာခံသို့တက်ရောက်စဉ် ရနောင်းသို့ အလုပ်ကိစ္စဖြင့်လားရောက်လည်ပတ်ဖြစ်ပါသည်။ အကျွန်ုပ်တည်းခိုသောအိမ်မှာ ထားဝယ်လူမျိုးအိမ်ဖြစ်ပါသည်။ အိမ်သျှင်မက ထားဝယ်လူမျိုးဖြစ်ပြီး လင်ယောက်ျားမှာ ရခိုင်လူမျိုးဖြစ်သည်။ ထားဝယ်လူမျိုးစကားပြောသည်ကို အကျွနင်္ုပ်လုံးဝနားမလည်ပါ။ သို့သော် လင်ယောက်ျားကပြောသည်မှာ ထားဝယ်လူမျိုးများနှင့် သုံးလေးလခန့်အတူနီလျှင် အားလုံးနားလည်လားပါရေအစ်ကိုဟု ပြောပြပါသည်။ သူ၏မယားသည်အား ထမင်းစားစဉ် (ဥသြ) ကို အမတို့ ထားဝယ်မှာ ဘယ်လိုခေါ်သလဲဟု မြန်မာစကားဖြင့် မီးဖြစ်ပါသည်။ သူမက (တောယူ) ခေါ်ကြောင်းပြောသည်။ ပြီးလျှင် မြန်မာလို (ပင်စိမ်း) ကို ထားဝယ်ပိုင် ဇာပိုင်ခေါ်ရေလဲ မီးဖြစ်ပါသည်။ (နှုံး) ခေါ်ကြောင်းပြောပါသည်။ ဤ (တောအူ)(တောယူ) (နှုံး) ယှားပါးဝေါဟာရများတိုက်တိုက်ဆိုင်ဆိုင် တူညီနီသည်ကိုထောက်၍ ရခိုင်နှင့်ထားဝယ်မှာ လူမျိုးအတူတူဖြစ်ကြောင်း ကောက်ချက်ချ၍ ရပါသည်။ ဟာရဘင်း၌ဟိစဉ် မောင်သျှင်ကြီးစိန်လှမောင်က ရမ်းဗြဲတောင်ကျောင်းဆရာတော် ရွီးသားပြုစုသော ရခိုင်ရာဇ၀င်သစ်ကျမ်းကို ပီးဖတ်ခိုင်းပါသည်။ ၄င်းရခိုင်ရာဇ၀င်သစ်ကျမ်းတွင် ထားဝယ်လူမျိုးများမှာ ထရိပူရက ရခိုင်သားများဖြစ်ကြောင်းဖော်ပြထားပါသည်။ ရခိုင်ဘုရင်မင်းလက်ထက် အိန္ဒိယဒေသ မငြိမ်သက်မှုများကြောင်း ထရိပူရက ရခိုင်သားများရခိုင်ပြည်မဖက်သို့ ခိုဝင်လာကြောင်း၊ ရခိုင်ဘုရင်က ယခု ရခိုင်ဘင်္ဂလားနယ်စပ် ယခု ဘဂ်လားဖက် အုန်းကျွန်းတွင် နီရာချပီးကြောင်း နောက်ပိုင်း အုန်းကျွန်းတွင်မနီလို၍ ထားဝယ်ဖက်သို့ လှီလောင်းကြီးများဖြင့် ပြောင်းရွိလားကြောင်းဖော်ပြထားပါသည်။ ယခု အကျွန်ုပ်လက်ထဲ၌ ရခိုင်ရာဇ၀င်သစ်ကျမ်းမဟိပါ။ လက်ထဲ၌ဟိသူများ စာမျက်နှာလှန်ဖတ်ကြည့်ပါ။ ဇာရခိုင်ဘုရင်လက်ထက်ကလဲဆိုစွာကို အတိအကျ နာမည်နှင့်တကွ ပြောပြနိုင်ပါလိမ့်မည်။ ကျေးဇူးတင်ဟိပါသည်။ တစုံတခု အတွိအကြုံ ဗဟုသုတ ရဟိလိမ့်မည်ဟု မျှော်လင့်ပါသည်။ (ဟာရဘင်းသို့) အခန်းကို ဤမှာတွင် အဆုံးသတ်အပ်ပါသည်။ လိုအပ်သည်များ ကျကျန်ခသည်များ မှားယွင်းသည်များဟိက ထောက်ပြပီးကတ်ပါ။ ပြန်လည်၍ ပြုပျင်ဖော်ပြပီးလားပါမည်။

(သာလှဦး) (December 29, 2015) (ဗုဒ္ဓူးနိ)


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|