(သလ္လေခ) တရား (၄၄) ပါး

ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းအသျှင်မဟာစုန္ဒအားဟောကြားတော်မူသော ဗုဒ္ဓဘာသာဝင်များ (ဖြည်းဖြည်းချင်း ကျင့်ကြံအပ်သော) (သလ္လေခ) တရား (၄၄) ပါး
================================================

(၁) မိုက်မဲလှစွာသော သူရို့သည် သူတပါးအား အနိုင်အထက်ပြု ဖိစီးနှိပ်စက်တတ်၏။ ဤ၀ိဟိံသအမှု၌ ငါရို့သည်ကား အနိုင်အထက်ပြု ဖိစီးနှိပ်စက်ခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၂) မိစ္ဆာအယူဟိသူများသည် သူ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ဟိကုန်၏။ ဤပါဏာတိပါတအမှု၌ ငါရို့သည်ကား သူ့အသက်ကိုသတ်ခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၃) လူ့မိုက်၊ သူခိုးဓမြ၊ အဓမ္မ၀ါဒီများသည် သူ့ဥစ္စာအား အင်အားသုံး၍ အနိုင်အထက်ပြု၍ လုယူခိုးဝှက် တိုက်ခိုက်သိမ်းယူတတ်ကုန်၏။ ငါရို့သည်ကား ဤအဒိန္နဒါနအမှု၌ သူတပါး၏ဥစ္စာအား အနိုင်အထက်ပြု လုယက်ခိုးယူ တိုက်ခိုက်သိမ်းပိုက်ခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၄) မိစ္ဆာဝါဒီများသည် မမြတ်သောမေထုံအမှု၌ အလွန်အကျူးယစ်မူးစွဲလန်း နှစ်သက်ကုန်၏။ ငါရို့သည်ကား မမြတ်သောမေထုံအမှု ကာမဂုဏ်လွန်ကျူးခြင်းအမှုကို ၀ီးစွာယှောင်ယှားပါကုန်၏။

(၅) မိစ္ဆာဝါဒီများသည် မိမိ၏အကျိုးစီးပွားအလို့ငှာ မမှန်ကန်သော လိမ်လည်လှည့်ဖျားသောစကားကို ပြောဆိုတတ်ကုန်၏။ ငါရို့သည်ကား ဤမုသ၀ါဒအမှု၌ မမှန်ကန်သော မုသ၀ါဒစကားပြောဆိုခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၆) တပါးသောမိစ္ဆာဝါဒီများသည် ချစ်သူနှစ်ဦးမုန်းတီးလားအောင် ကုန်းတိုက်ပြောဆိုလေ့ဟိကုန်၏။ ငါရို့သည်ကား ဤပိသုန၀ါစာအမှု၌ သူတပါးအား ကုန်းတိုက်ပြောဆိုခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(ရ) မိစ္ဆာဝါဒီများသည် ကြမ်းတမ်းသောစကားကို ပြောဆိုလေ့ဟိကုန်၏။ ငါရို့သည်ကား ဤဖရုသ၀ါစာအမှု၌ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၈) မိစ္ဆာဝါဒီများသည် အဓိပ္ပါယ်မဟိသော အကျိုးစီးပွားမဟုတ်သော သိမ်ဖျင်းသောစကားများကို ပြောဆိုတတ်ကုန်၏။ ငါရို့သည်ကား အကျိုးစီးပွားမဟုတ်သော သိမ်ဖျင်းသော ဤသမ္ဖပ္ပလာပအမှု၌ သိမ်ဖျင်းသောစကားကိုပြောဆိုခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၉) မိစ္ဆာဝါဒီများသည် ကိုယ့်ထက်တော် မနာလို၊ ကိုယ့်ထက်သာ မကြိုက် ငါရို့သည်ကား ဤအဘိဇ္ဈာအမိုက်မှု၌ မနာလို ၀န်တိုခြင်းမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၁၀) မိစ္ဆာဝါဒီများသည် သူတပါးအား ဖျက်ဆီးလိုသောသဘောဟိ၏။ ငါရို့သည်ကား ဤဗျာပါဒအမှု၌ သူတပါးအား ဖျက်လိုဖျက်ဆီးပြုလိုသော အမှုမှ ၀ီးစွာယှောင်ယှားပါကုန်၏။

(၁၁) ဤကမ္ဘာ၌ လူအများစုသည် မှားယွင်းသော မိုက်မဲသော မိစ္ဆာအယူဟိပါကုန်၏။ ငါရို့သည်ကား မှားယွင်းသော မိုက်မဲသော မိစ္ဆာအယူ မဟိ။

v (၁၂) ဤကမ္ဘာ၌ လူအများစုသည် မှားယွင်းသော မိုက်မဲသော အတွေးအခေါ် အယူအဆ ဟိကုန်၏။ ငါရို့သည်ကား မှားယွင်းသော မိုက်မဲသော အတွေးအခေါ်အယူအဆ မဟိ။

(၁၃) လူအများသည် မုသားစကားကိုဆိုကုန်ငြားသော်လည်း ငါရို့သည်ကား မှန်သောသစ္စာ သမ္မာတရားကိုသာ ဆို၏။

(၁၄) လူအများသည် မကောင်းသော အမှားမှုကိုပြုငြားသော်လည်း ငါရို့သည်ကား အမှန်ကိုသာ ပြု၏။

(၁၅) လူအများသည် မိစ္ဆာဇီဝဖြင့် အသက်မွီးကုန်ငြားသော်လည်း ငါရို့သည်ကား သမ္မာအာဇီဝအားဖြင့်သာ အသက်မွီးကုန်၏။

(၁၆) လူအများစုသည် အမှားမှား အယွင်းယွင်း အားထုတ်ပြုကျင့်ဟိကုန်ငြားသော်လည်း ငါရို့သည်ကား မှန်သောအားထုတ်မှုကိုသာ ပြု၏။

(၁၇) လူအများသည် များစွာသတိမှားကုန်ငြားသော်လည်း ငါရို့သည်ကား သတိမမှား၊ ကောင်းစွာ သတိထားကုန်၏။

(၁၈) လူအများသည် သမာတိ မတည်ကုန်ငြားသော်လည်း ငါရို့သည်ကား သာမာဓိတည်ကုန်ငြား၏။

(၁၉) လူအများစုသည် အသိအမြင်မှားကုန်ငြားသော်လည်း ငါရို့သည်ကား မှန်သောအသိအမြင်ဟိကုန်၏။

(၂၀) လူအများသား မလွတ်မြောက်ဘဲ လွတ်မြောက်သည်ဟု အထင်ဟိငြားသော်လည်း ငါရို့သည်ကား မှန်သော လွတ်မြောက်ခြင်းဟိ၏။

(၂၁) လူအများသည် ထိနမိဒ္ဒအားကြီး၍ ကုသိုလ်အမှု၌ တွေဝေထိုင်းမှိုင်း ဆုတ်ဆိုင်းငြားသော်လည်း ငါရို့သည်အား ကုသိုလ်အမှု၌ တက်ကြွရွှင်လန်း၏။

(၂၂) လူအများသည် ကုသိုလ်အမှု၌ တုန်လှုပ်လွင့်ပြန်သောစိတ်ဟိငြားသော်လည်း ငါရို့သည်ကား မတုန်မလှုပ် မလွင့်မပြန့်။

(၂၃) လူအများသည် အမှန်တရား`၌ သို့လောသို့လော ယုံမှားခြင်း ၀ိစိကိစ္စာဖြစ်ကုန်ငြားသော်လည်း ငါရို့သည်ကား မဖြစ်။

(၂၄) လူအများသည် အမျက်မာန်ဒေါသကြီးငြားသော်လည်း ငါရို့သည်ကား အမျက်မာန်ဒေါသနည်းပါး၏။

(၂၅) လူအများသည် ရန်ငြိုးဖွဲ့တတ်ငြားသော်လည်း ငါရို့သည်ကား မဖွဲ့။

(၂၆) လူအများသည် ကျေးဇူးကန်းတတ်ငြားသော်လည်း ငါရို့သည်ကား ကျေးဇူးမကန်း။

(၂၇) လူအများသည် ဂုဏ်ပြုဂုဏ်ပြိုင် အနိုင်အလုပြုကုန်ငြားသော်လည်း ငါရို့သည်ကား မပြု။

(၂၈) လူအများသည် ငြူစူစောင်းမြောင်းတတ်ကုန်ငြားသော်လည်း ငါရို့သည်ကား ငြူစုစောင်းမြောင်းခြင်း မပြု။

(၂၉) လူအများသည် သ၀န်တိုတတ်ကုန်ငြားသော်လည်း ငါရို့သည်ကား သ၀န်မတို။

(၃၀) လူအများသည် မဟိသောဂုဏ်ပုဒ်ကို ဖော်ထုတ်ဝါကြွားတတ်ငြားသော်လည်း ငါရို့သည်ကား မ၀ါကြွား။

(၃၁) လူအများသည် ဟိသောအပြစ်ကို ဟိမှန်းမသိအောင် ဖုံးဖိလှည့်ဖျားတတ်ငြားသော်သည် ငါရို့သည်ကား မဖုံးဖိ မလှည့်ဖျား။

(၃၂) လူအများသည် ယုတ်ကြမ်းငြားသော်လည်း ငါရို့သည်ကား မယုတ်ကြမ်း။

(၃၃) လူအများသည် ထောင်လွှားမာနကြီးငြားသော်လည်း ငါရို့သည်ကား နုညံ့သိမ့်မွေ့သူများဖြစ်၏။

(၃၄) လူအများသည် ပြောရဆိုရ ဆုံးမရခက်ငြားသော်လည်း ငါရို့သည်ကား မခက်။

(၃၅) လူအများသည် သူဆိုးသူယုတ်နှင့် အပေါင်းအသင်းလုပ်ငြားသော်လည်း ငါရို့သည်အား သူဆိုးသူယုတ်နှင့် အပေါင်းအသင်းမလုပ်။

(၃၆) လူအများသည် သတိပေါ့လျော့ သိမ်ဖျင်းကုန်ငြားသော်လည်း ငါရို့သည်ကား သတိမပေါ့မလျော့။

(၃၇) လူအများသည် ကံကံ၏အကျိုးကို မယုံမကြည်။ လွှဲမှားသောယုံကြည်ခြင်း ဟိငြားသော်လည်း ငါရို့သည်ကား အယူမမှား အယုံအကြည်မမှား။

(၃၈) လူအများသည် မကောင်းမှုကိုပြုရန် မရှက်သော်ငြားလည်း ငါရို့သည်ကား ရှက်၏၊

(၃၉) လူအများသည် အကုသိုလ်အမှုကိုပြုရန် မကြောက်သော်ငြားလည်း ငါရို့သည် ကြောက်၏။

(၄၀) လူအများသည် အကြားအမြင် ဗဟုသုတမဆည်းပူးငြားသော်လည်း ငါရို့သည်ကား အကြားအမြင် ဗဟုသုတ ဆည်းပူးပွားများ၏။

(၄၁) လူအများသည် ပျင်းရိငြားသော်လည်း ငါရို့သည်ကား မပျင်းရိ။

(၄၂) လူအများသည် သတိကင်းလွတ် ချွတ်ချော်တိမ်းစောင်းငြားသော်လည်း ငါရို့သည်ကား သတိမလွတ်။

(၄၃) လူအများသည် စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးငြားသော်လည်း ငါရို့သည် စဉ်းစားဆင်ခြင် ဥာဏ်ပညာ မနည်းပါ။

(၄၄) လူအများသည် ငါ့အယူအဆရာမှန်သည်။ ငါ့ဘာသာရာမှန်သည်ဟု အသားခဲကို မီးကျောင်းကိုက်ခဲသကဲ့သို့လည်းကောင်း ကိုယ်အင်္ဂါကို လိပ်ခွံအတွင်းသွင်းသောလိပ်ကောင်ကဲ့သို့လည်းကောင်း မိမိအယူကို တရားသီစွဲ စွန့်နိုင်ခဲငြားသော်လည်း ငါရို့သည်ကား မိမိအယူကို တရားသီမစွဲ စွန့်လွယ်ကုန်သည်ဖြစ်၍ ဖြတ်တောက်ခြင်း ပြုပျင်ခြင်းကို ပြုတတ်ကုန်၏။

(ဗုဒ္ဓ)




Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|