မယ်နှင့်မောင် (အစ/အဆုံး)

မယ်နှင့်မောင် (အစ/အဆုံး)
=============

ရခိုင်စာပီကိုဖော်ထုတ်သောအခါ ယခုနောက်ပိုင်း စာရွီးဆရာများသည် စကားပြောအရွီးအသားဖြင့် ဖော်ထုတ်သည်များကို ပို၍တွိမြင်ရပါသည်။ စကားပြင်အရွီးအသားဖြင့် ဖော်ထုတ်သည်မှာ အလွန်ယှားပါသည်။ ရခိုင်စကားပြင်အရွီးအသားကို ဖော်ထုတ်လိုသောရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရွီးသားရခြင်းဖြစ်သည်။ ဆောင်းပါး၏၀တ္ထုနောက်ခံမှာ ရမ်းဗြဲဒေသက (မယ်နှင့်မောင်) ဟု အကျွန်ုပ်က နာမည်တပ်ထားသော ဇမ်းကဗျာချေတပုဒ်နှင့်တိုက်ဆိုင်နီသော ချင်းပုံပြင်ဝတ္ထုချေတပုဒ်အကြောင်းဖြစ်သည်။ အကျွန်ုပ်၏ဇနီးမယားသည်မှာ ချင်းမဖြစ်သောကြောင့် သူ့ထံမှ ချင်းပုံပြင်ကို ကြားနာရခြင်းဖြစ်သည်။

ရခိုင်တော်လှန်ရီး စာပီတော်လှန်ရီးကိုလုပ်နီသူတဦးက ရခိုင်သမကိုမယူဘဲ ချင်းမကိုယူသည်ဆိုသည်မှာ လူအများက ထောက်ပြဝေဖန် ကဲ့ရဲ့စရာအကြောင်းဟိပါသည်။ ချင်းမနှင့်မယူခင် ဘင်္ဂလားဒေခ်ျက ရခိုင်သမတယောက်နှင့်လည်း ရည်းစားဖြစ်ဖူးပါသည်။ သို့သော် လူချင်းတွိရသောအချစ်မဟုတ်။ Online အချစ်ဖြစ်သည်။ Online အချစ်ဆိုသဖြင့် အချစ်တုဟု မယူဆသင့်ပေ။ အချစ်စစ် အချစ်မှန်ဖြစ်သည်။ ယင်းရခိုင်သမချေက အကျွန်ုပ်အား အမှန်အကန် လက်ထပ်ချင်ခပါသည်။ အကျွန်ုပ်လည်းသူအား လက်ထပ်လိုစိတ်ဟိသည်။ အကျွန်ုပ်နှင့် သူမမှာ Online တွင် တွိချစ်၍ ရည်းစားဖြစ်သော်လည်း လူချင်းမတွိဖူးသည်မဟုတ်။ အကျွန်ုပ်ရို့ ဘင်္ဂလားဒေခ်ျသို့ ထွက်ပြီးတိမ်းယှောင်စဉ်ကာလ ၄င်းရွာ၌ တည်းခိုနီထိုင်စဉ်ကာလကတည်းက ရင်းနှီးကျွမ်းဝင်သူတဦးလည်းဖြစ်သည်။ သူမ၏မိခင်မှာ စစ်တွေမြို့ဇာတိဖြစ်သည်။ သူမ၏ဖခင်မှာ ရခိုင်ပြည်ကလူများက (အနောက်သား) ဟူ၍ ချိုးနှိမ်ပြီးခေါ်ဆိုသော (အနောက်သား) ဖြစ်သည်။ မည်သည်မည်ဝါ ဖူးစာဆုံလာသည်ကိုကား မသိ။ အကျွန်ုပ်ရို့နှင့်တွိစဉ်အခါ သားသမီးလေးဦးထွန်းကားပြီးဖြစ်သည်။ သူမ၏ဖခင်မှာ မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်သည်။ AIO တော်လှန်ရီးလုပ်စဉ်က ဥက္ကဌဦးကျော်လှိုင်၏ AIO တော်လှန်ရီးရဲဖော်များအား ဒိုင်ခံကျွေးမွီးပြုစု တာဝန်ကျီခသော မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်သည်။ ယခုအခါ ကွယ်လွန်လားပြီးဖြစ်သည်။ ဥက္ကဌဦးကျော်လှိုင်ထက် အလျင် ကွယ်လွန်လားသည်ဟု သိရသည်။ ၄င်းအခင်ကြီးပုဂ္ဂိုလ်က အကျွန်ုပ်ရို့ ဟာရ်ဘင်းတွင်နီထိုင်စဉ်ကာလတွင် အကျွန်ုပ်အား သူ၏အိမ်သို့ခေါ်ဖိတ်၍ လူချင်းတွိဆုံပြီး ရခိုင်တော်လှန်ရီးနှင့်ပါတ်သက်၍ အကြံပီးဖူးသည်ကို အခုထက်ထိ အတွက်ရ အမှတ်ရ၍ ချရွီးလိုက်ရခြင်းဖြစ်သည်။

“အဝေး ကျော်ကျော် ရခိုင်တော်လှန်ရီးမှာ တော်လှန်ရီးတရပ်အောင်မြင်ဖို့အတွက် ရီခံမြီခံ မကောင်းသိမ့်။ Revolution (တော်လှန်ရီး) ထက် (Evolution) ကို အယင်လုပ်ရဖို့လို့ ငါမြင်ရေ”

ထိုစဉ်အခါက အကျွန်ုပ်၏တော်လှန်ရီးသက်တမ်းမှာ အလွန်နုနယ်သိမ့်သဖြင့် အခင်ကြီး၏အတွေးအခေါ်နှင့် အမြော်အမြင်ကို သဖောမပေါက်နိုင်ခပါ။ အခု သဖောပေါက် နားလည်လာသောအခါတွင်ကား အခင်ကြီးမှာ ကွယ်လွန်လားခပြီးဖြစ်သည်။

မယ်နှင့်မောင် အပိုင်း (၂)
================
ဒုတိယ ရခိုင်သမတယောက်နှင့် တွိဆုံဖူးပါသည်။ သူ၏ဖခင်မှာ အကျွန်ုပ်အလွန်လေးစားသော ရခိုင်လူမှုရီးအကျိုးဆောင်ပုဂ္ဂိုလ်တဦးဖြစ်သည်။ သူမနှင့် အကျွန်ုပ်လူချင်းမတွိဖူးပါ။ Online တွိဆုံခြင်းရာဖြစ်သည်။ သူမ၏ဖခင်အား ကြည်ညိုလေးစားစိတ်ဖြင့် သူမနှင့် တွိတွိချင်း ချစ်ခင်စိတ်ဝင်မိပါသည်။ တော်လှန်ရီးထဲတွင် နှစ်ပေါင်းများစွာ နစ်မြုတ်နီပြီးဖြစ်သည်အတွက် လူမှုရီးနှင့်ကင်းကွာခသည်မှာလည်း တော်လှန်ရီးသက်တမ်းတလျှောက်ဖြစ်သည့်အတွက် လူမှုရီးကိစ္စကိုနားမလည်သော အကျွန်ုပ်မှာ ဆန္ဒစော၍လား Intro မ၀င်တတ်၍လား Propose မလုပ်တတ်၍လားမသိ (စိတ်မနှမ့်လား) ဟူ၍ အပြောခံရသဖြင့် အကျွန်ုပ်မှာ အလွန်စိတ်ပျက်မိပါသည်။ ရခိုင်သမကို လိုချင်၍ ချဉ်းကပ်သည်ဆိုခါမှ (စိတ်မနှမ့်လား) အပြောခံရသည်မှာ ရင်ဖတ်ကို ဆင်တက်နင်းပိုင် ခံစားရပါသည်။

New York က ရခိုင်သမတယောက်နှင့်လည်း ဆုံဖြစ်ပါသည်။ Online တွိဆုံခြင်းရာဖြစ်သည်။ လူချင်းမတွိဖူးပါ။ သူ့ဖက်က အပြစ်ပြောစရာမဟိ။ ကိုယ့်ဖက်က အမှားဖြစ်သည်။ ကျောင်းတက်စဉ်ကာလအတွင်း စာကို မည်မည်ရရမလုပ် မစားရ မသောက်ရသော စာပီတော်လှန်ရီးနှင့်ရာ အချိန်ကုန်နီခသည်။ ပထမ (မိုးသောက်ရောင်နီကဗျာများ) ကို PDF မူဖြင့်လုပ်သည်။ မဟာဝိဟိံကလင်္ကာကို အစအဆုံး စာပြန်ရိုက်သည်။ ဒေးဝန်းအောင်ကျော်ရွှီရတုကို အစအဆုံး စာရိုက်သည်။ လိုင်ရိုးဓါတ်တော်သမိုင်းနှင့် ရခိုင်လျှောက်ထုံးများကို ရခိုင်ဘာသာသို့ပြန်ဆိုသည်။

ဒေးဝန်းအောင်ကျော်ရွှီရတုနှင့် အနည်းငယ်ပြောလိုသည်မှာ အကျွန်ုပ် America ရောက်ခါစ စာရိုက်အကူအညီတောင်းလို၍ (ဒေးဝန်းအောင်ကျော်ရွှီရတု) နှင့် (ရခိုင်စစ်ပညာကျမ်းစာအုပ်) ကို လူတဦးလက်ထဲသို့ မှားယွင်းစွာ အပ်နှံမိပါသည်။ ထိုပုဂ္ဂိုလ်မှာ နိုင်ငံရီးသမား မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်သော်လည်း စာပီသမားမဟုတ်သည့်အတွက် တန်ဖိုးထားရကောင်းမှန်းမသိ။ ဒေးဝန်းအောင်ကျော်ရွှီရတုကိုက ပြန်ရသည် ရခိုင်စစ်ပညာကျမ်းစာအုပ်မှာ ပျောက်ဆုံးလားခရသည်။ ထိုစစ်ပညာကျမ်းစာအုပ်မှာ မင်းဖလောင်းလက်ထက်က ရွီးသားခသောကျမ်းဖြစ်သည်။ ရခိုင်ပြည်ကို မြန်မာသိမ်းပြီးနောက်ပိုင်း မြန်မာလက်ထဲ ရောက်လားခပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲတွင် သိမ်းဆဲထားကာ ရခိုင်ကျောင်းသူတဦးက လက်ရွီးမူဖြင့်ကော်ပီကူးယူ၍ ဆရာတော်ပညာစာရပါးက တဆင့်ရဟိသော မူဖြစ်သည်။ အကျွန်ုပ် အလွန်တန်ဖိုးထားသောစာအုပ်လည်းဖြစ်သည်။ “ရခိုင်ပြည်လွတ်လပ်ရီးရဖို့ အေစာအုပ်ကို အယင်ပုံနှိပ်ရဖို့။ အေစာအုပ်ကို ပုံနှိပ်နိုင်မှရာ ရခိုင်ပြည်လွတ်လပ်ရီးရဖို့” အကျွန်ုပ်အမြဲပြောလေ့ဟိသော စာအုပ်ဖြစ်သည်။ တိုင်းရီးပြည်ရီး နိုင်ငံရီး စစ်ရီးကို ကိုင်တွယ်ပုံကိုင်တွယ်နည်း။ ပညာဟိအမြင်ဖြင့် ပြုစုထားသော အလွန်တန်ဖိုးဟိသော ကျမ်းစာအုပ်ဖြစ်သည်။ ဤစာအုပ်ကို ပြန်ရနိုင်ဖို့ အနည်းဆုံး PDF မူဖြင့် ပုံနှိပ်ထုတ်ဝီနိုင်ဖို့ စိတ်ထဲမှာ အမြဲတေးမှတ်ထားသော စာအုပ်ဖြစ်သည်။

ဆိုလိုသည်မှာ ကျောင်းလည်းမပြီး၊ ကျမိကျရာတိနှင့် အချိန်ကုန်နီ။ အလုပ်လည်းမယ်မယ်ရရမဟိ၊ ဒုက္ခမရောက်စီချင်သောစိတ်နှင့် New York က ရခိုင်သမကို အကျွန်ုပ် ခက်ထန်သောစိတ်နှင့် လမ်းခွဲလိုက်ပါသည်။ သူမလည်း ယခုအခါ Sushi လိပ်သော ငွေရီးကြီးရီးအဆင်ပြေသော ရခိုင်သားချေတယောက်နှင့် အိမ်ထောင်ကျလျှက် စီးပွားရီးအောင်မြင်နီပြီးဖြစ်သည်။ အကျွန်ုပ်နှင့် အိမ်ထောင်ကျခပါ ဒုက္ခပင်လယ် ကျင်လည်ရဦးမည်ဖြစ်သည်။
ရန်ကုန်တွင် နီထိုင်စဉ်အခါက အကျွန်ုပ်ချစ်မိသော ရခိုင်သမချေတယောက်လည်း ဟိခပါသည်။ ရခိုင်သမချေတိကို တွိဖူးမြင်ဖူး ချစ်ဖူးပါသည်။ အမှန်ကိုဝန်ခံရလျှင် ထိုသူ့ကိုလောက် တယောက်ချေကိုလည်း မချစ်ဖူးပါ။ သူက စီးပွားရေးတက္ကသိုလ် (လှိုင်) မှာ တက်၍ တက္ကသိုလ်နားက အပြင်ဆောင်မှာနီပါသည်။ သူမ၏အဆောင်သို့ ရက်ပြတ်လားလည်ဖြစ်ပါသည်။ သူမနှင့်စကားပြောရသည်မှာ ကောင်းကောင်းအဆင်ပြေသည်။ မိုးချုပ်လားကေလည်း မိုးချုပ်လားမှန်းမသိ။ နီဝင်လားကေလည်း နီဝင်လားမှန်းမသိ။ သံစဉ် Flow ကိုက်သည်ဟု ဆိုရမည်။ သူ့ကို ရည်းစားစကားပြောသောအခါ သူမက လက်မခံပါ။ အရေးအခင်းဖြစ်၍ ကျောင်းပိတ်သောအခါ သူမ၏ဆွီမျိုးများဟိရာ ရှမ်းပြည် ရွှေညောင်သို့ လားနီပါသည်။ မှတ်မှတ်ရရ နောက်နိ စစ်တွေသို့လားဖို့ လီယာဉ်လက်မှတ်ဖြတ်ထားပြီးခါမှ အေနိ ညဇာသား သူမပါးကစာကို လက်ခံရဟိသည်။ စာပြန်ဖို့တောင် အချိန်မရခဘဲ မြန်မာပြည်ကြီးကို စွန့်ခွာလာခရပါသည်။ နောက်နှစ်ဆိုလျှင် အနှစ်သုံးဆယ်လုံးလုံးပြည့်ဖို့ပျာယ်ဖြစ်သည်။

နောက်ဘိတ်ဆုံးမှာ ချင်းမနှင့်ရာရသည်။ အိမ်ထောင်ရီးလည်းအဆင်ပြေသည်။ စီးပွားရီးလည်း အဆင်ပြေသည်။ ပဇာကြောင့်ဆိုသော် ချင်းလူမျိုးများမှာ ဒေါင်ကျကျ ပြားကျကျ ဒုက္ခခံနိုင်သော လူမျိုးများဖြစ်သည်။ ကရိကထမများ၊ ပဇီပဇာမများ၊ အခြင်းမများ၊ ဘောရိမများ၊ အကြီးကျယ် မခန်းနား၊ ရခိုင်သားများကဲ့သို့ ပါးစမကျယ်၊ အာဝမကျယ်။ သူမနှင့် ဘုရားကျောင်လိုက်၍ ခရစ်ယာန်ဘာသာကို လေ့လာခွင့်ရ၍လည်း ကြေနပ်ပါသည်။ ဤ၀တ္ထုဆောင်းပါးမှာ သူမပါးကရဟိသော ၀တ္ထုဆောင်းပါးဖြစ်သည်။ အကယ်အမှန် အဖြစ်အပျက်ဟုဆိုသည်။ ဒဏ္ဍာရီပုံပြင်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရခိုင်ရမ်းဗြဲ ဇမ်းကဗျာချေတပုဒ်နှင့် တိုက်ဆိုင်နီသဖြင့် အကူးတက ဆောင်းပါးရွီး၍ ဖော်ထုတ်လိုက်ရခြင်းဖြစ်သည်

မယ်နှင့်မောင် အပိုင်း (၃)
================
ချင်းလူမျိုးတွင် အဓိကလူမျိုး (၆) မျိုးဟိသည်။ ၄င်းလူမျိုးများမှာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူ၊ အချို၊ လူသျှိုင်းလူမျိုးများဖြစ်သည်။ အချိုမှာ မြီပြန့်ချင်းဖြစ်၍ ရခိုင်ပြည်တောင်ပိုင်းတွင်လည်း ဟိသည်။ လူသျှိုင်းလူမျိုးများမှာ Mizoram ပြည်နယ်၌နီထိုင်ပြီး မီဇူးလူမျိုးများဟု လူသိများသည်။ မတူမှာ ရခိုင်ပြည်မြောက်ပိုင်း ပလက်ဝနယ်မှ ချင်းမျိုးနွယ်အုပ်စုဖြစ်သည်။ ရခိုင်ပြည်ဟိ ခမီးမျိုးနွယ်စုများနှင့် ဆက်စပ်မှုဟိသည်။ စစ်တကောင်းတောင်တန်းနယ် လင်းခေးလူမျိုးစုများမှာ မတူ၊ မရာမျိုးနွယ်အုပ်စုဖြစ်သည်။ အကျွန်ုပ်ဇနီးမယား၏မျိုးနွယ်စုမှာ ဟားခါးအုပ်စု ဇိုဖေးမျိုးနွယ်စုဖြစ်သည်။ ဇိုဖေးမျိုးနွယ်စုများနီထိုင်ရာဒေသမှာ ပလက်ဝနယ်အထက်ပိုင်း အိန္ဒိယနယ်စပ် မီဇူရမ်ပြည်နယ်၏တောင်ဖက်ခြမ်း မြန်မာပြည်ဖက်ခြမ်းတွင်ဖြစ်သည်။ တချို့မှာ အိန္ဓိယပြည်ဖက်ခြမ်းတွင်နီထိုင်ပြီး (Lai) ဟူ၍ လူသိများသည်။ ရခိုင်ပြည် ဂစ္ဆပနဒီ ကုလားတန်မြစ် မြစ်ဖျားခံစီးဆင်းရာ ဒေသလည်းဖြစ်သည်။ ကုလားတန်ဟုခေါ်ဝေါ်ခြင်းမှာ ကုလားပြည် အိန္ဒိယပြည်က မြစ်ဖျားခံစီးဆင်းလာသည်ဟု ယူဆသဖြင့် ကုလားတန်မြစ်ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။

ဤ၀တ္ထုဇတ်လမ်းမှာ ချင်းပြည်နယ်အနှမ့် ဘိုးစိုင်ဘောင်ဆက် သားစိုင်မြီးဆက် ပြောဟောလေ့ဟိသော ၀တ္ထုဇတ်လမ်းဖြစ်သဖြင့် မည်သည့်လူမျိုးစုဒေသက အစဖြစ်ပေါ်လာသည်ကိုကား ခန့်မှန်းရန်ခက်ခဲသည်။ ချင်းပြည်သည် ရခိုင်ပြည်ကဲ့သို့ ပဒေသရာဇ် ဘုရင်စနစ်မထွန်းကားခသော်လည်း စော်ဘွားစနစ်ဖြင့်အုပ်ချုပ်ခသော ပြည်နယ်တခုဖြစ်သည်။ ချင်းအမျိုးသားနိမှာ စော်ဘွားစနစ်ကိုတရားဝင်ဖျက်သိမ်းခသော ဖေဖ၀ါရီလ (၂၀) ရက်နိ (1948) ကို အထိမ်းအမှတ်ပြု၍ ဖြစ်ပေါ်လာသော နိထူးနိမြတ်ဖြစ်သည်။ ယခုဆိုလျှင် နှစ်ပေါင်း (၇၀) တိုင်ပြီးဖြစ်သည်။

စော်ဘွားများအုပ်ချုပ်စဉ်ကာလက အဓိကဇတ်ကောင် မိမ္မချေမှာ စော်ဘွားသားသမီးဖြစ်ပြီး နာမည်မှာ (ဇော်လ်တိန်း)(Zawl Tling) ဖြစ်သည်။ နာမည်ကိုထောက်၍ ဟားခါးစော်ဘွားမျိုးနွယ်ဖြစ်မည်ဟု ခန့်မှန်းရသည်။ ဇတ်ကောင်လူပျို၏နာမည်မှာ (ငံပေါင်း)(Ngan Bawn) ဖြစ်ပြီး ဆင်းရဲသူဆင်းရဲသား အမျိုးထဲကဖြစ်သည်။ လူပျိုအပျိုသဖောသဘ၀ ချစ်ကြိုက်မိကတ်သည်။ လူပျိုရည်းစားမှာမူကား သူဆင်းရဲမျိုးဖြစ်၍ မိဖများက သဘောမတူ။ ရည်းစားချစ်သူ လူပျိုမောင်နှင့် ခိုးရွာလိုက်ပြီးဖို့စွာကြောက်၍ မိမ္မပျိုအား အမိအဖများက အိမ်ခန်းထဲတွင် သစ်တုံးသစ်ပြားများကာရံ၍ ပိတ်လှောင်ထားကတ်သည်။ လူပျိုမမှာ ချစ်သူရည်းစား ညည့်သိုင်ခေါင်၌ လာရောက်ခိုးတွိလျှင် သစ်ကြားမှ မိမိလက်ညှိုးကိုထိုးထုတ်၍ ချစ်သူလူပျိုမောင်အား ချစ်ခွင့်ပီးသည်။ လူချင်းကား တွိဆုံခွင့်မရ။ မဆုံနိုင် မပေါင်းနိုင်မှန်းသိ၍ မိမ္မပျိုမှာ အများမကြာ လွမ်းနာကျ၍ သီဆုံးသည်။ သူမ သီဆုံးလားသောအခါ သူမ၏အလောင်း ခန္ဓာကိုယ်မှာ ဖူးရောင်လာပြီး သင်္ဂြိုဟ်ဖို့အတွက် ထမ်းထုတ်မရ အခက်ကြုံရသည်။ အသူတယောက် ထမ်းထုတ်ထမ်းထုတ် တဖ၀ါးမရွိ။ ရွာက အားကောင်းမောင်းသန် လူပျိုကြီးများ ၀ိုင်းမ၍လည်းမနိုင်။ နောက်ဘိတ်ဆုံးမှာ ရွာသားများအားလုံးလက်လျော့ပြီး ချစ်သူရည်းစား (ငံပေါင်း)(Ngan Bawn) အား ဆုံတွိခွင့် ပီးလိုက်ရသည်။

ချစ်သူလူပျိုမောင်လာရောက်၍ သီဆိုသော သခြင်း၏အဓိပ္ပါယ်မှာ...

“ငါ့အချစ်ဆုံး ဇော်လ်တိန်း (Zawl Tling) မင်းနန့်ငါ သီကွဲကွဲရကေလည်း
အကယ်၍များ နောက်ဘ၀ ၀က်ဖြစ်ခကေတောင်က
ဝက်ဘို ၀က်မ မင်းနန့်ငါ့ကို တခြံတည်းမှာ ထားကတ်ပါစီ”

လူပျိုမောင်က ချော့၍သခြင်းဆိုမှ လူပျိုမ၏ခန္ဓာအလောင်းမှာ နဂိုရ်အတိုင်းပြန်ဖြစ်လားသည်။ ထိုအခါ မိဖဆွီမျိုးများက သင်္ဂြိုဟ်ရလောက်ပျာယ်အထင်နှင့် လူပျိုမောင်အား မောင်းထုတ်လိုက်ကတ်ပြန်သည်။ လူပျိုမောင်အား မောင်းထုတ်ပြီး၍ သင်္ဂြိုဟ်ရန် အလောင်းအား အပြင်ထုတ်သောအခါ အလောင်းမှာ ပြန်ဖူးရောင်လာပြီး အခန်းဝတွင် ကျပ်နီသည်။ မ၍မရ ထမ်း၍မနိုင်မှန်းသိသောအခါ မိဖဆွီမျိုးများက လူပျိုမောင်အား ဒုတိယတကြိမ်ပြန်ခေါ်ရသည်။

ချစ်သူလူပျိုမောင်က ရည်းစားလူပျိုမ၏အလောင်းရှိတွင် သီဆိုသော သခြင်း၏အဓိပ္ပါယ်မှာ....

“ငါ့အချစ်ဆုံး (ဇော်လ်တိန်း)(Zawl Tling) မင်းနန့်ငါ ဒေဘ၀မှာ သီကွဲကွဲရကေလည်း အကယ်၍များ နောက်ဘ၀မှာ ကြက်ဖြစ်ခကေတောင်က ကြက်ဖ ကြက်မ တခြံတည်းမှာ အတူပေါင်းရပါစီ”

သို့ပြီးမှရာ အလောင်းကို သင်္ဂြီုဟ်ခွင့်ရသည်။

မယ်နှင့်မောင် (နောက်ဆုံးပိုင်း)
====================
ဇတ်လမ်းအဖြစ်အပျက်မှာ ရခိုင်ရမ်းဗြဲကရဟိသော (မယ်နှင့်မောင်) ဇမ်းကဗျာချေနှင့် ကောင်းကောင်းတိုက်ဆိုင်နီသည်။ ၄င်းဇမ်းကဗျာကို (၁၉၉၆) ခု AASYC ညီလာခံသို့ တက်ရောက်စဉ် ရနောင်းမြို့၌ ပုန်းအောင်းနီစဉ်ကာလ ရမ်းဗြဲက အစ်ကိုတဦးဆိုပီးသဖြင့် အကျွန်ုပ်က လိုက်ရွီး၍ ရဟိခခြင်းဖြစ်သည်။

“မယ်နှင့်မောင်”
++++++++
အထက်မှာရာလည်း သံဖြူ
အောက်မှာရာလည်း ပျိုင်ချပ်
အလယ်ကောင်မှာ မှန်ဘောင်ကွပ်လို့
ဗောဓါတ်ကျောင်းမှာ
အပွင့်မှာရာလည်း ၀ါဝါ
အညှာမှာရာလည်း မဲမဲ
ပန်းမစင်ကို တင်မိခလို့
မယ်နှင့်မောင်မှာ မပေါင်းရဘဲ
ကွဲရရေလား ပုယေ --။

ဒေဘ၀ီ ဒေဘ၀မှာ မပေါင်းရသော်လည်း
နောင်ဘ၀ီ နောင်ဘ၀မှာ ပေါင်းရလီယောင်
တိရိစ္ဆာန် အမှန်ရာလည်းစင်စစ်
ငှက်လီလီလေ ငှက်ပင်လည်းဖြစ်ငြား
မောင်ကားဂြိုးဘို မယ်ကားဂြိုးမ
တလင်းရာမှာ ၀ဲကာကျကေ
စားရပါစီ ပုယေ --။

တိရိစ္ဆာန် အမှန်ရာလည်းစင်စစ်
နွားလီလီလေ နွားပင်လည်းဖြစ်ငြား
တချိုင်းတည်းထွန် တခြံတည်းနွား
တခုံးတိုင်မှာ ချိုင်ကာထားကေ
စားရပါစီ ပုယေ --။

ဘုရားပေါ် ကံ့ကော်တောသို့
မယ်ယင်ယင် မယ်ယင်သော်လည်း မယ်စောင့်နီဝေ
မောင်ယင်ယင် မောင်ယင်သော်လည်း မောင်စောင့်နီမေ။
ဆီမီးရာလည်း တတိုင်
ပန်းတခိုင်နန့် ပျိုင်တချပ်မှာ
နှစ်ယောက်ထိုင် တူပြိုင်လောင်းလို့
ဆုတောင်းကတ်မေ ပုယေ --။

ဤကဗျာကို ဆိုပြသည်အတိုင်း ကူးယူလာခခြင်းဖြစ်သည်။ (ပန်းမစင်ကို တင်မိခလို့) နီရာမှာ (ပန်းမစင်ကို တင်သီခလို့) ဟူ၍ မှားနီသည်။ အစ်ကိုတဦးတယောက်က ထောက်ပြ၍ (ပန်းမစင်ကို တင်မိခလို့) ဟူ၍ ပြန်ပြုပျင်ထားလိုက်ပါသည်။ သို့မှရာ အဓိပ္ပါယ်လည်း ဆက်စပ်မှုဟိသည်။ (တလင်းရာမှာ ၀ဲကာကျကေ) အပိုဒ်မှာလည်း (စပါးရာလည်း တခွံ ဆန်ကိုရာလည်း တစိ၊ မယ်နှင့်မောင်မှာ အရှိရှိ ၀ီစားရစီ ပုယေ) အပိုဒ်လည်း ပါသိမ့်ရေလို့ ပြောပါသည်။ သို့သော် သူလည်း အတိအကျ မမှတ်မိလိုက်ယာဖြစ်လို့ ယင်းအပိုဒ်ကို ဖြုတ်ထားခပါသည်။ အကယ်၍ တစုံတယောက်သောသူက ကြားဖူးသည် နားထောင်ဖူးသည် အတွက်ရသည် မှတ်မိသည်ဟိသော် အကောင်းဆုံးဖြစ်အောင် ဖြည့်စွက်ပီးကတ်ဖို့ အကြံပြုလိုပါသည်။

ထောက်ပြဝေဖန်ပီးသူအား ကောင်းကောင်းကျေးဇူးတင်ပါသည်။ အကျွန်ုပ်စိတ်ဆိုး၍ တန်ပြန်တုန့်ပြန်လာမည်ထင်၍လားမသိ လီသံပြင်းပြင်းဝေဖန်ထားသည်ကို တွိရသည်။ ထိုသို့ ထောက်ပြဝေဖန်မှုများကို အကျွန်ုပ် အမြဲတမ်းမျှော်လင့်ပါသည်။ အကျွန်ုပ်၏ (Website) နှင့် (Blog) ပို့စ်များ၊ ၀တ္ထုကဗျာများတွင် အမှားအယွင်းများတွိပါက ထောက်ပြဝေဖန်ပီးကတ်စီချင်သည်။ သို့သော် တစုံတယောက်ချေကလည်း ထောက်ပြဝေဖန်သည်များကို မတွိရပါ။ စကားမစပ် တယောက်က ဟိပါသည်။ “မြန်မာမှုပြုမရသော ရခိုင်ကာရံများ” ပထမမူ၌ “ကာရံ” ဟူ၍ သုံးသည်ကို ဆရာချေတယောက်က အစဉ်အဆက်အရွီးအသားကို မပြုပျင်ကောင်းဆို၍ ထောက်ပြလာသဖြင့် ဒုတိယ PDF မူတွင်”ကာရန်” ဟူ၍ ပြုပျင်လိုက်ပါသည်။ အကျွန်ုပ်ကို ထောက်ပြဝေဖန်စဉ်အခါက အစဉ်အဆက်အရွီးအသားကို မပြုပျင်ကောင်းဟူ၍ “Reason” ပီးပါသည်။ ပြီးလျှင် အစဉ်အဆက် ရခိုင်ပီစောင် အစောင်စောင်တိုင်း၌တွိရသော (၏) အရွီးအသားကိုဖျက်၍ (ဧ့) ဟူ၍ သုံးစွဲသည်မှာ နှလုံးပျို့ဖို့ကောင်းသည်။ အသေအချာ သုတေသနမလုပ်ဘဲ မြန်မာစာအုပ်ကိုကိုးကား၍ (၏) ကို (အည့်) ဟူ၍ အသံထွက်သည်ဆိုခြင်းမှာ ရယ်ဖွယ်ဖြစ်သည်။ သိန်ကန်မိန်တွင်ရတို ပုံနှိပ်မူတွင်ပါဟိသော (အယ့်) အသုံးတွင် (အယ်) ၌ အောက်ကပေါက်မပါနိုင်ကြောင်းကို ရှိဟောင်းပီစောင်များကို ထောက်ရှု၍ ဝေဖန်ဖူးပါသည်။ ရှိဟောင်းပီစောင်မှန်လျှင် အောက်ကပေါက်မပါပါ။

သုဝဏ္ဏဒေ၀ီစောပြည့်ညို၏ရတုမှာ အမျိုးသားပြတိုက်ထဲ၌ဟိသည်ဟု ဆိုသည်။ ပြည်ထဲ၌ဟိသူများ ဖော်ထုတ်ရန်အဓိကတာဝန်ဟိသည်။ (အယ်) တွင် အောက်ကပေါက်မပါနိုင် အသံထွက်လျှင်လည်း (တေ)(ရေ) များကဲ့သို့ (အေ) ဟူ၍ရာ အသံထွက်ကောင်းထွက်မည်ဟု ဝေဖန်ဖူးပါသည်။ အကယ်အမှန်တွင်လည်း (အေ) ဟူ၍ရာ အသံထွက်သည်ကို တွိရသည်။ အသံဖိုင် ဗီဒီယိုအထောက်အထားလည်း ရဟိပြီးဖြစ်သည်။ Youtube တွင် တင်ပီးထားသည်။ ဤ (Link) https://youtu.be/AFqzXzz85c4 ၌ လားရောက်လေ့လာနိုင်သည်။

ရခိုင်စကားပြင်အရွီးအသားတိုးတက်လာစီရန်အတွက်လည်းကောင်း ရခိုင်စာပီသတ်ပုံတည်ငြိမ်လာရီးကိုဦးတည်၍လည်းကောင်း ဤဆောင်းပါးကို ရွီးသားလိုက်ရပါသည်။

(March 30, 2017)(ဗုဒ္ဓူးနိ)

(ရခိုင်ပေါင်းကူး သာလှဦး)

မှတ်ချက်။ ။ ဤဆောင်းပါးတွင် (မယ်) ဟူ၍ သုံးထားပါသည်။ (မောင်စောင့်နီမေ) မှာပါသည့် (မေ) နှင့် ကွဲလွဲစီချင်၍ဖြစ်သည်။


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|