ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် တပ်မတော် နှစ် (၄၀) ပြည့်အခန်းအနားသို့ ရခိုင်အမျိုးသားအစည်းအရုံး (နော်ဝေး) မှ ပီးပို့သောသ၀ဏ်လွှာ
၁၇၈၄ ဒီဇင်ဘာလ (၃၁) ရက်နိတွင် ဆုံးယှုံးလားခသော ရခိုင့်အချုပ်အချာအာဏာပြန်လည်ရယူရန် ရည်မှန်းချက်အပြည့်ဖြင့် မျိုးချစ်စိတ်ပြင်းထန်သော ရခိုင်လူငယ်တစုစုစည်းပြီးလျှင် ၁၉၆၇ ခု ဒီဇင်ဘာလ (၉) ရက်နိတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် တပ်မတော်ကို တတိတ်ချေဖွဲ့စီးကာ ရခိုင်ပြည်ပြန်လည်လွတ်မြောက်ရေးအတွက် ဘ၀အားလုံးကို တိုင်းပြည်နှင့်လူမျိုးအတွက် ပီးဆပ်တိုက်ပွဲဝင်လာခသည်မှာ ကနိဆိုလျှင် နှစ်ပေါင်း (၄၀) တင်းတင်းပြည့်မြောက်သောနိဖြစ်ပါသည်။
အခုပိုင် တော်လှန်ရေးသက်တမ်းနှစ်ပေါင်း (၄၀) ကို မျိုးချစ်စိတ်တခုအရင်းပြုကာ အခက်အခဲအကျပ်အတည်းမျိုးမျိုးကို ကြံကြံခံရင်ဆိုင်ယင်း ကိုယ်ထက်အဆမတန်အင်အားကြီးသောရန်သူဖြစ်သော်လည်း (ရန်သူပါးမှာ လက်နက်ချအယှုံးပီးခြင်းသည် ပြည်သူကို သစ္စာဖောက်ရာရောက်သည်) ဟူသော ဥက္ကဌကြီးခိုင်မိုးလင်း၏မိန့်မှာချက်အတိုင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့်တပ်မတော်၏ မဆုတ်မနစ်သောဇွဲလုံ့လ၀ိရိယဖြင့် ချီတက်နီသောလမ်းကြောင်းကို အကျွန်ုပ်ရို့ ရခိုင်အမျိုးသားအစည်းအရုံး (နော်ဝေး) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ဤသ၀ဏ်လွှာဖြင့် လှိုက်လှဲစွာဖော်ပြအပ်ပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် တပ်မတော်အနီဖြင့် အကျွန်ုပ်ရို့အားလုံးသက်ဝင်ယုံကြည်လက်ခံထားသော ရခိုင်ပြည်လွတ်လပ်ရေးအတွက် အခုတက်ပိုပြီး ဦးလည်မသုန် ဆက်လက်ချီတက်တိုက်ပွဲဝင်နိုင်ပါစီကြောင်း ကနိကျရောက်သော နှစ် (၄၀) ပြည့် အခန်းအနားအခါသမယတွင် အကျွန်ုပ်ရို့ ရခိုင်အမျိုးသားအစည်းအရုံး (နော်ဝေး) မှ နှလုံးသွီးဖြင့် လေးနက်စွာ ဆုတောင်းမိတ္တာပို့သအပ်ပါသည်။
ရခိုင်သက္ကရာဇ် ၁၃၆၈ ခု တန်းခုးလဆုတ် (၈) ရက် တလင်္လာနိ။
ခရစ်သက္ကရာဇ် ၂၀၀၇ ခု ဧပြီလ (၉) ရက် တလင်္လာနိ။
ဗဟိုအလုပ်မှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားအစည်းအရုံး (နော်ဝေး)
||193.217.100.216||5/3/2007 3:47:54 PM||
soe1612@gmail||60.50.17.210||7/16/2007 2:02:07 AM||
arakanworm@gmail.com||70.84.65.42||8/13/2007 5:30:57 AM||
congratulation
|Save Document|
|Print Document|