မီးခွက်လည်းမှုတ် မိုးလည်းချုပ် (ပထမပိုင်း)
သက္ကရာဇ်မှာ (၂၀၀၀) ပြု
စွန်းဝယ်ခြောက်ခု မေလတွင်
ဒေလီခေါ်တွင် မြို့တော်ကြီးမှာ
ရခိုင်ထိပ်သီး အစည်းဝေးထိုင် --။
ခြောက်ရက်တိုင်တိုင် ကြံနှီးနှော
သြဘာလက်ခုပ် သောင်းသောင်းညံ --။
ပါတီမကျန် အကုန်တက်
စုပေါင်းရွီတွက် သုံးဆယ်ကျော် --။
နာမည်ထွန်းပေါ် သတင်းဆိုး
သူခိုးလူမိုက် ဦးသိန်းဖေ --။
(DPA) ကို ထူထောင်ပြု
အစုစု ကွဲပြီးသကာ --။
အရာတခါ ညီညွတ်ရေး
အာခေါင်ဗြဲနန့် ကြွေးကြော်ရေ --။
သိနားမလည် မောင်လူကြီးမှာ
ဝက်ထီးအားကိုး ထောက်ကာခံ --။
နောက်ထပ်မံ ကျော်ကာတက်
ဘုန်းကြီးလူထွက် ဦးဗိုလ်အောင် --။
တစင်ကိုထောင် တမိုးကြိုး
(ANC) ကောင်းကျိုးအရသာ
စန္ဒာဝရလည်းပါ --။
တချို့ကခေါ် လူဇောက်ထိုး
လင်းဆွဲအမျိုး ပြောင်းပြန်မြင် --။
နိခြင်းမှာတွင် သူကအိပ်
လူသူတိတ်မှ စားကွက်ရှာ --။
အမှောင်မှာ ပျံကာလွှား
ကျားသားငါးပါး ၀အောင်ကြံ
ကျီးအာသီးအမှန် --။
တော်ရုံတန်ရုံ လူမသိ
ထရိပူရ ရခိုင်ရွာ --။
ယင်းမှာလားခါ ကျောင်းတော်ဆောက်
ဒုက္ခလောင်းမှောက် ပြောဂျတ်ငွေ --။
ဒေလီနယ်ကို နောက်ချန်ထား
ယင်းမှာလားလို့ ကျောင်းထိုင်မည် --။
အကောက်ကြံစည် ရွယ်ကာစူး
ရှိခိုးဦးချ သထော်ဦးတင်
အကုန်သူငါ မြင် --။
ညီလာခံတွင် တောင်ဖံဖြန့်
တလူအညွန့်တက်ပြန်လာ
(Women Welfare) --။
ဖားကိုတုပနာ ခုန်ကဆွ
ရွရီရွရွ လွလီလွလွ
ပွစီပွစွ ကွလီကွလွ --။
လက်သဲဝှက်ဖဲ ကကွက်မှာ
(NUPA) ကို ချန်ကာထား
နောက်လိုက်ကုလား စွဲချက်တင် --။
တထွာအမြင် သီအောင်မိုက်
ဌက္ကဥကြီး မဖြစ်ဆို --။
အဖွဲ့ကို ဖြိုကာခွဲ
ဖရဲသီးကြီးပြဲ --။
ရခိုင်သားအမျိုးသား စည်းလုံးညီညွတ်ရေး
သုံးနှင့်လေး --။
တပ်ပေါင်းစုတည်ဆောက်
ငါးနှင့်ခြောက် --။
လူထုထောက်ခံ
ကျောက်လို့ကန် --။
မောင်ဘ (ရခိုင်ပြည်)
(၃၀) ဆိုသည်မှာ တက်ရောက်သူဦးရေ စုစုပေါင်းဖြစ်ပါသည်။
(ဒုတိယပိုင်း ဆက်ရန်)
kyawnyeinhtay07||203.81.72.200||5/15/2009 6:23:12 AM||
kyawnyeinhtay07||203.81.72.200||5/15/2009 6:23:42 AM||
|Save Document|
|Print Document|