(ဆီဆွတ်အာရီယံများ (နှင့်) ကျွန်သဘောက်စိတ်ဓါတ်)

ရခိုင်သားများမှာ ရခိုင်ပြည်ပျက်စီးရသည်ကို မြန်မာများကို အပြစ်တင်လေ့ဟိပါသည်။ ဘိုးတော်မောင်ဝိုင်းကို အပြစ်တင်လေ့ဟိပါသည်။ ဘိုးတော်မောင်ဝိုင်းသည် သုံးကြိမ်တိုင်တိုင်ပင့်ဖိတ်ပြီးမှ ရခိုင်ပြည်ကို သိမ်းယူခြင်းဖြစ်ပါသည်။ ပင့်ဖိတ်ခီသူမှာ ငသံတွေဖြစ်ပါသည်။ ဗိုလ်ချင်းပြန်၏ဖခင်ဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်သားများအတွက် သမိုင်းသင်ခန်းစာရပါသည်။ (ပြည်တွင်းရေးပြဿနာကို ကိုယ့်အားကိုယ်ကိုး ဖြေယှင်း။ သူများကို လားအားမကိုးကဲ့) အဖြေရသည်။

အတိတ်အကြောင်းကို ထားလိုက်ပါဖိ။ အခု ပစ္စုပ္ပန်မှာဝါ ဇာဖြစ်နီရေလဲ။ ပြည်တွင်းက မဂ္ဂဇိန်းများကို ချန်ထားလိုက်ပါ။ ပြည်တွင်းမှာ စာပီစီးစစ်ရေးဟိနီလို့ လွတ်လတ်လပ်လပ် ထုတ်ဝီခွင့်မရလို့ ဆိုလိုက်ပါဖိ။ အခု လွတ်မြောက်နယ်မြီကို ရောက်နီပြီးဖြစ်သည်။ ရခိုင်သတင်းစာများကို ဖတ်လိုက်သောအခါ ရခိုင်တလုံးတပါဒကိုလည်း ရှာမတွိရပါ။ အေချင့်ကို (ကျွန်) စိတ်ဓါတ်မခေါ်ကေ (ဂန္ဓူး) စိတ်ဓါတ် (မယူမ) စိတ်ဓါတ်လို့ ခေါ်ရပါဖို့လား။

သျှမ်းသတင်းစာများကို ဖတ်လိုက်သောအခါ သျှမ်းဘာသာ အင်္ဂလိပ်ဘာသာ မြန်မာဘာသာ သုံးဘာသာဖြင့်ထုတ်ဝီသည်ကို အားရဖွယ် တွိမြင်ရပါသည်။ ထို့ပြင် ကရင်သတင်းစာ စာအုပ်များကိုလည်း ကရင်ဘာသာ အင်္ဂလိပ်ဘာသာ မြန်မာဘာသာများဖြင့် ထုတ်ဝီပါသည်။ မိမိဘာသာကို လုံးဝလျှစ်လျူမပြုကတ်ပါ။ အစဉ်အမြဲ အလေးထားသည်ကို တွိရပါသည်။ သို့သော် ရခိုင်သား (အာရီယံများ) မှာ ပဇာအကြောင်းကြောင့် မိမိဘာသာကို ဂျောင်ထိုးသိမ်းထားကတ်ပါသနည်း။

ရခိုင့်တော်လှန်ရေးတွင် အာရီယံ (ဆီဆွတ်) တိ များနီသိမ့်လို့ ရခိုင်သားများ လွတ်လပ်ရေးမရနိုင်ခြင်းဖြစ်ပါသည်။ ခဲဝါပိတုန်းပြတ်လျှင် သူများကိုလည်းပြတ်စီချင်သည်။ သို့မှသာ ကိုယ်ပိတုန်းပြတ်နီသည်ကို သူများမြင်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုနည်းတူစွာ ခဲဝါပိတုန်းပြတ်ကယ်တင်သျှင်များက ရခိုင်ပြည်သူများကို ဂျောက်ထဲတွန်းပို့နီကတ်ပါသည်။ ရခိုင်လူငယ်များကို အဆိပ်ခွံ့ကျွေး သတ်ဖြတ်နီကတ်ပါသည်။ အိန်တာဗျူးများတွင် ရခိုင်သားများ မြန်မာစကားမပီကလာ ပီကလာပြောဆိုလျှက် (ရခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး) ဟု အရှက်တရားမဲ့ကင်းစွာ ကျွီးအော်နီကတ်ပါသည်။

လွတ်မြောက်နယ်မြီရောက်နီကတ်ပျာယ်မဟုတ်ပါလား။ လွတ်မြောက်နယ်မြီမှာ မြန်မာဆင်ဆာဘုတ်အဖွဲ့ဟိရေလို့ တခါလည်းမကြားဖူးပါ။ အစွာဖြစ်လို့ ကိုယ့်ပြည်သူဖတ်ဖို့ ထုတ်တေသတင်းစာတိကို ကိုယ့်ပြည်သူသုံးစကားဖြင့် မထုတ်ကတ်ပါသနည်း။ တခါဖတ်လိုက်တိုင်း ဖတ်လိုက်တိုင်း မြန်မာက အဘာခေါ်လောက်အောင် ကျိကျိပက်ပက် ချွဲတတ်နွဲ့တတ်ပါသည်။ လေ့လာသူတချို့က (လျှာတိအာတွိ) ခြီလားခကတ်ပျာ။ ပျင်လို့မရဗျာဟု သုံးသပ်ပါသည်။ (ဘိန်းစွဲစွာထက် စာစွဲစွာ ဖြတ်ရခက်) ဟုဆိုပါသည်။ သွီးထွက်အောင်မှန်ပါသည်။

၎င်းသတင်းစာများကို (ရောင်ရာ ဆီလူး) ငွေထောက်ပံ့ပီးနီလူတိကလည်း ဟိပါသည်။ ရခိုင်မှာ စာမဟိလို့လား။ သို့မဟုတ် ယားလို့လား။ အဖြေမှာ ယှင်းယှင်းချေဖြစ်ပါသည်။ ရခိုင်သား (အာရီယံ) များမှာ (ကိုယ့်ဆီကိုယ်ဆွတ်) ခြင်းဖြစ်ပါသည်။ သူများကို လားအပြစ်မတင်သင့်ပါ။ မည်သူမပြု မိမိမှု (ဆီဆွတ်အာရီယံများကို ဒါဏ်ခတ်ဖို့ အချိန်တန်ဗျာယ်) ဖြစ်ပါကြောင်း ရွာလည်မောင်းခတ် ကြေငြာအပ်သည်။

(ဆီဆွတ်အာရီယံများ ကောင်းရာသုဂတိလားပါစီ)


maungayetun@yahoo.co.uk||213.10.206.89||8/20/2007 12:38:27 PM||
you are 100% right.

rk.lokar@gmail.com||203.81.72.251||12/3/2009 8:49:23 AM||
Thank u for our nation...

netshonmay@gmail.com||118.172.214.54||6/1/2010 11:46:11 PM||
အကျွန်ကအေ Website ကိုအေနိန့်မှစလို့ဝင်သိ့ပါ။ ရခိုင်နဲ့ပတ်သက်တေစာအုပ်စာပေ၊ ဆောင်းပါ၊ ကဗျာတိကိုဖတ်ရရေအတွက် အားတက်မိပါရေ။ "ဆီဆွတ်အာရီယံများနှင့်ကျွန်သဘောက်စိတ်"ဆိုရေအေဆောင်းပါးကိုဖတ်လိုက်တေခါ တစ်ဖက်က လည်းဖြစ် သင့်ပိုင် တစ်ဖက်ကလည်းစိုင်းစားစရာတိဟိပါရေ။ လက်ရှိအတိုင်းအတာအရဆိုကေ ရခိုင်ပြည်ရေသီးခြားလွတ်လပ်တေတိုင်းပြည် တစ်ခုမဟုတ်သိ့ပါ။ ယင်းအခြေအနေမှာ ထုတ်တေသတင်းစာ စာစောင် ဆောင်းပါးတိစွာ ဗမာစကားပြေနဲ့ဖြစ်နီစွာတိကို အကျွန့် အနေနဲ့အပြစ်တစ်ခု တစ်နည်းအားဖြင့် "ကိုယ့်ဆီကိုဆွတ်လို့"မမြင်မိပါ။ ရခိုင်အကြောင်းကို ရခိုင်တစ်ယောက်တည်းသိလို့မရပါ။ ရခိုင်နဲ့အနီးအနားမှာ ဟိရေအိမ်နီချင်းအသိုင်းအဝိုင်းတိလည်းသိသင့်ပါရေ။ တတ်နိုင်ဖို့ဆိုကေ အကျွန်ရို့ရခိုင်မှာဇာတိဖြစ်ခလေ ဇာတိဖြစ်နီလေ ဇာတိလုပ်နီလေဆိုစွာကို တစ်ကမ္ဘာလုံးအတိုင်းအတာထိသိနိုင်ဖို့ကပိုအရေးကြီးပါရေ။ ဆောင်းပါးရှင်ပြောပိုင် လည်းတစ်ဖက်ကဖြစ်သင့်ပါရေ။ ငြင်းဆိုစွာတော့မဟုတ်ပါ။ အချိန်အခါနေရာဒေသကိုလိုက်ပြီးကေ ပြောင်းလဲမှုတိလုပ်ရစွာတိ ကိုလက်ခံနိုင်ကေတော့ ကောင်းပါယင့်။ အပြုသဘောနဲ့ဝေဖန်မှုတိကို အများကြီးလုပ်ဆောင်စွာ ရခိုင်တိအတွက်တိုးတက်မှုတစ်ခု လို့မြင်ပါရေ။ အေပိုင်အပြုသဘောနဲ့ဝေဖန်ရေဆောင်းပါးတိကို ဆောင်းပါးရှင်တိအနိန်နဲ့အများကြီးထည့်ပီးနိုင်ကေကောင်းပါဖို့။

ခင်မင်စွာဖြင့်


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|