(လွတ်လပ်ရေးသည် ထိုက်တန်မှရသည်)

အကျွန်ုပ်ရို့မှာ လုပ်စရာအလုပ် အလွန်များပြားပါသည်။ အလုပ်ဟိသည်ကို မသိပါက လုပ်စရာမဟိဟု ထင်တတ်ပါသည်။ ရခိုင်ပညာသျှင်ကြီးများမှာ များသောအားဖြင့် အင်္ဂလိပ်ပိုင်းကို အားသန်သည်ကို တွိရပါသည်။ မိမိရခိုင်သမိုင်းကို လေ့လာသောအခါတွင်လည်း အင်္ဂလိပ်လူမျိုးများ ရွီးသားခသော သမိုင်းကို ဇောက်ချလေ့လာသည်ကို တွိရပါသည်။ မိမိရို့ ရခိုင်သားများရွီးသားခသော ကျမ်းပီစောင်များကို လေ့လာဖော်ထုတ်ရန် မိလျော့နီကတ်ပါသည်။ အင်္ဂလိပ်ပညာသျှင်များမှာ ရခိုင်စာဖတ်တတ်သူများမဟုတ်ပါ။ ထို့ကြောင့် သူရို့ပြုစုထားခသော ရခိုင်သမိုင်းများမှာ အပေါ်ယံလောက်ရာဖြစ်ပါသည်။ နှိုက်နှိုက်ချွတ်ချွတ် ရွီးသားပြုစုထားခြင်းမဟုတ်ပါ။ ဤသည်ကို နောက်ပေါ်အင်္ဂလိပ်စာတတ် ရခိုင်သမိုင်းပညာသျှင်များမှာ တခါလာလည်း သူရို့အား ကိုးကားလိုက် နှစ်ခါလာလည်း သူရို့အားကိုးကားလိုက် အပ်ကြောင်းထပ်နီပါသည်။

ရခိုင်သမိုင်းတွင် ရမ်းဗြဲတောင်ကျောင်းဆရာတော်ရွီးသားပြုစုသော ရခိုင်ရာဇ၀င်သစ်ကျမ်းမှာ အတော်အသင့်ကောင်းမွန်ပါသည်။ သို့သော် ပြည့်စုံလုံလောက်ပျာဟု ယူဆ၍မရပါ။ ထိုထက်ရှိကျသော ဆရာငမဲရာဇ၀င်တစောင်ကျန်ပါသိမ့်သည်။ ထို့ထက်ရှိကျသည်မှာ ဒိုးဝေရာဇ၀င်ဖြစ်ပါသည်။ ဒိုးဝေရာဇ၀င်သည် ရခိုင်ပြည်မကျဆုံးခင် မြောက်ဦးခေတ်ကတည်းက ရွီးသားပြုစုခသော ရခိုင်ရာဇ၀င်ကျမ်းတစောင်ဖြစ်ပါသည်။ ထိုကျမ်းမှာ တောင်ကုတ်မြို့မကျောင်းတွင် ဟိသည်ဟုဆိုပါသည်။ ၄င်းကိုကျမ်းများကို အခုထက်တိုင် ပုံမနှိပ်ရပါသိမ့်။ ဒိုးဝေရာဇ၀င်ကို မမြင်ဖူးပါ။ ဆရာငမဲရာဇ၀င်ကား မိမိလက်ထဲတွင် ရောက်ဟိပြီးဖြစ်သည်။ စာမျက်နှာ (၆၀၀) ကျော်ဟိပါသည်။ မိမိလည်း (Type) မရိုက်နိုင်သဖြင့် ဤအတိုင်း ပစ်ထားရပါသည်။ ပြည်ထဲသို့ ငွေပို့ပြီး စာရိုက်နိုင်ရန် နှစ်ကြိမ်တိုင်တိုင်ကြိုးစားပြီးဖြစ်သော်လည်း အခုထက်ထိ မအောင်မြင်သိမ့်ပါ။ ပထမအကြိမ် ဒေါ်လာငွေ (၁၀၀) ပီးပို့သော်လည်း ပို့လူလက်ထဲမရောက်ဘဲ ပျက်စီးလားပါသည်။ ဒုတိယအကြိမ် နောက်ထပ် ဒေါ်လာငွေ (၁၀၀) ပို့၍ စာရိုက်နိုင်ရန်ကြိုးစားသော်လည်း မအောင်မြင်သိမ့်ပါ။

မိမိအနေဖြင့် ဒိုးဝေရာဇ၀င်ကို အလွန်နှမြောပါသည်။ ရခိုင်ဘုရင်လက်ထက်ကတည်းက ရွီးသားပြုစုခသောကျမ်းတစောင်ဖြစ်၍ သမိုင်းပညာသျှင်သုတေသီများအတွက် အလွန်တန်ဖိုးမဖြတ်နိုင်သော ကျမ်းဖြစ်ပါလိမ့်မည်။ မိမိမဖတ်ဖူးသော်လည်း ခန့်မှန်း၍ရပါသည်။ ဤသည်ကို ရခိုင်သမိုင်းပညာသျှင်ဆိုသူများက ယောင်လို့လည်း စဉ်းစားမိပုံမပေါ်။ ပုံနှိပ်နိုင်ဖို့ ကြိုးစားဖို့ဝီးလီစွ ကြားတောင်မကြားဖူးကတ်လားမသိ။ ထိုကျမ်းများကို မပျက်စီးခင် အယင်ပုံနှိပ်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပန်းကတ်ရပါမည်။ (အာရီယံ အာရီယံ) ဆိုပျာ လိုင်ကြောတင်းနီရုံနှင့် မပြီးမြောက်နိုင်ပါ။ လက်တွိလည်း အလုပ်လုပ်ကတ်ရပါမည်။ အလုပ်လုပ်သည်ဆိုရာတွင်လည်း မိမိရို့မှာ ဇာဇာအလုပ်တိ အရေးတကြီး အပူတပြင်းလိုအပ်နီရေလဲ သိထားရန်လိုအပ်ပါမည်။ သို့မဟုတ်ပါက အလုပ်လုပ်ချင်သော်လည်း ဇာလုပ်၍ ဇာကိုင်ရမှန်းမသိ ကြောင်တိကြောင်တောင်ဖြစ်လားနိုင်ပါသည်။ လုပ်သင့်သည်ကို မသိပါက (အလုပ်မဟိ ကြောင်ရီချိုး) ဖြစ်လားနိုင်ပါသည်။

မိမိလက်ထဲတွင် “ဓည၀တီ နိဂုံးရွာသမိုင်းသာခြင်း” ကို ရထားပြီးဖြစ်ပါသည်။ အပင်ပန်းခံ စာရိုက်၍ (PDF) ဖြင့်တမျိုး ရိုးရိုးစာသားဖြင့်တဖုံ အကျွန်ုပ်၏၀ပ်ဆိုက်တွင် တင်ထားပြီးဖြစ်သည်။ ညိတိုင်းညိတိုင်းဆိုရေပိုင် ဆော်သြနီပါသည်။ သို့တိုင်အောင် ရခိုင်သား (အာရီယံ) ဆိုသူများ အလေးမထားဂရုမစိုက်သည်ကို တွိမြင်နီရပါသည်။ စာတပိုဒ်နှစ်ပိုဒ်ကျကျန်ခသဖြင့် အပြည့်အစုံရနိုင်ရန် သုံးနှစ်ခန့်အချိန်ယူကြိုးစားခရပါသည်။ ယခုအခါ ထိုကျကျန်ခသော စာပိုဒ်များကို အပြည့်အစုံရဟိပြီးဖြစ်ပါသည်။ ပြန်လည်ဖြည့်စွက်ထားသောမူကို အောက်ပါနီရာတွင် (Download) လုပ်နိုင်ပါသည်။

Download

Fonts ကို အောက်ပါနီရာတွင် (Download) လုပ်နိုင်ပါသည်။ (Win_Researcher Font) ကို သုံးပါသည်။

Fonts

ဤသာခြင်းသည် ရခိုင်စာပီရှုဒေါင့်ကသာလျှင်မဟုတ် ရခိုင်သမိုင်းအတွက်လည်း အလွန်အရေးကြီးသော ကျမ်းတစောင်ဖြစ်ပါသည်။ ရခိုင်သမိုင်းကို အတိုချုံးဖော်ပြထားပါသည်။ စာပီရှုဒေါင့်ကဆိုလျှင်လည်း မြန်မာစာလုံးဝလွှမ်းမိုးခြင်းမခံရသော ရခိုင်မူစစ်စစ်သာခြင်းတပုဒ်ဖြစ်ပါသည်။ ရခိုင်ပြည်မကျခင် နှစ်ပေါင်း (၃၀) တိတိအလိုက ရွီးသားပြုစုခသော သာခြင်းတပုဒ်ဖြစ်ပါသည်။ တန်းခိုးဆရာထွန်းထက် နှစ်ပေါင်းများစွာစော၍ အနှစ်သာရအားဖြင့်လည်း အလွန်ကောင်းမွန်သော သာခြင်းဖြစ်ပါသည်။ တန်းခိုးဆရာထွန်းသာခြင်းများမှာ ဗမာကာရံများဖြင့် ရွီးစပ်ခသဖြင့် ရခိုင်စာပီစစ်စစ်မဟုတ်ပါ။ ဗမာတ၀က် ရခိုင်တ၀က် (ကပျက်) ရခိုင်စာပီဖြစ်ပါသည်။ ကာရံယူပုံယူနည်းစနစ်မှာ ရခိုင်ပိုင်ဖြစ်သော်ငြားလည်း ကာရံများမှာ ဥပမာအားဖြင့် (ပေး) (မေး) (မွှေး) (ဆေး) (အေး) စသဖြင့် ဗမာကာရံယူထားယူထားသဖြင့် ဗမာစာအလွှမ်းမိုးခံ ရခိုင်စာပီဖြစ်ပါသည်။

ဥပမာအားဖြင့် ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်းတွင် (မိုးထမှုံရီ၊ နှင်းဝီ၀ီဖြင့်၊ စုံလီဖြူးဖြူး) (စီကာညွတ်ပျောင်း၊ များစုံလင်ကေ၊ သစ်ပင်ပေါင်းမှာ၊ ရွက်ဟောင်းလည်းကြွီ၊ ညွန့်ရိုးတံမှာ၊ ပတ်ရံစုကေ၊ ရွက်နုဝီလို့၊ အနီအ၀ါ) စသဖြင့် အလွန်လှပသော ရခိုင်ကာရံစစ်စစ်ကို တွိရပါသည်။ ဤနီရာတွင် (နီ) (၀ီ) (ကြွီ) ကာရံယူထားသည်ကို သတိထားမိပါလိမ့်မည်။ မြန်မာစာတွင်လည်း (အနီ) ကို (အနီ) ဟု သုံးပါသည်။ (အနေအ၀ါ) ဟူ၍ မသုံးပါ။ (ကြွီ၊ ၀ီ၊ နီ) ကို ကာရံယူထားသဖြင့် (ကြွီ) (၀ီ) ဆိုသည်မှာ ရခိုင်စာစစ်စစ်ဖြစ်ပါသည်။ (ကြွေ၊ ဝေ) ဟု သုံးနှုံးပါက ရခိုင်စာဟု အသျှင်မခံသင့်ပေ။ နောက်အပိုဒ်များတွင်လည်း (မြရောင်ဆိုင်း၍၊ တောင်စိုင်ဝိုင်းကေ၊ တိုင်းရက္ခတွင်) စသဖြင့် အလွန်လှပသော ကာရံများကိုတွိရပါသည်။ အကျယ်ကို (မြန်မာမှုပြုမရသော ရခိုင်ကာရံများ) တွင့် ဖတ်ရှုလေ့လာနိုင်ပါသည်။

တန်းခိုးဆရာထွန်းသာခြင်းများတွင်ကား ရခိုင်ကာရံများကို မတွိရဘဲ ဗမာကာရံများကိုရာ လားတွိရပါသည်။ ဥပမာအားဖြင့် (မျက်မှောင်ထွေပြား၊ ဆေးပန်းချီနှင့်၊ ရေးချယ်ထားသို့၊ ချောမောတင့်တယ်၊ နတ်မတူလေ၊ လူမမျှအောင်၊ လှတော့သည်လေ) ဟူ၍ (ဆေး) ဟူသော ဗမာကာရံ ဗမာဝေါဟာရများကို လားတွိရပါသည်။ ထို့ကြောင့် ၄င်းစာပီကို ရခိုင်စာပီဟူ၍ ယူဆရန်ခက်ခဲပါသည်။ ၄င်းမြန်မာဝေါဟာရများကို စီးစစ်သုတ်သင်ပြီးမှသာလျှင် ရခိုင်စာပီဘောင်အတွင်၌ အကျုံးဝင်ပါလိမ့်မည်။ အကျွန်ုပ်ရို့မှာ ထိုကပျက်စာပီများ၌ အမှုမဲ့အမှတ်မဲ့ အဆီယစ်မနီသင့်ပေ။

ဤဓည၀တီသာခြင်းကို အကျွန်ုပ်ရို့ အချိန်မှီ ပုံနှိပ်ထုတ်ဝီနိုင်အောင်ကြိုးစားရန်လိုအပ်ပါသည်။ အကျွန်ုပ်ကား တတ်နိုင်သရိ ရှာကြံကြိုးစား တည်းဖြတ်ထားပြီးဖြစ်ပါသည်။ ကျန်မျိုးချစ်ပုဂ္ဂိုလ်များကလည်း အုပ်တချပ်သဲတပွင့်ပါဝင်ကာ ပုံနှိပ်ပီးနိုင်မည်ဆိုလျှင် အောက်ကျနီသော ရခိုင်စာပီ ဂေါင်းမော့ဦးထောင်လာနိုင်ပါလိမ့်မည်။ ငါ့နှင့်မဆိုင်ဟု ထိုင်မနီသင့်ပါ။ တယောက် (လှော်) နီသောအခါ တယောက်က (ပျော်) မနီဘဲ အနည်းဆုံး (ရီပစ်ရွက်တိုက်) လိုက်သင့်ပါသည်။

ဒိုးဝေရာဇ၀င်၊ အင်းဇောက်ရာဇ၀င်နှင့် ဆရာငမဲရာဇ၀င်ကို အယင်ဆုံးပုံနှိပ်ထုတ်ဝီနိုင်အောင် ကြိုးစားသင့်ကြောင်း ရခိုင်သမိုင်းပညာသျှင်များနှင့် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်များအား အလေးအမြတ် ဂါရ၀တ်ပြု တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ငွေရေးကြေးရေးအခက်အခဲကြောင့် ပုံနှိပ်ထုတ်ဝီရန်မှာခက်ခဲသောအလုပ်ဖြစ်ပါသည်။ သို့သော်လည်း စာရိုက်ပြီး (PDF) မူ သိမ်းဆည်းထားနိုင်ပါက ကိစ္စတ၀က်ပြီးမြောက်ပါသည်။ ငွေရေးကြေးရေးအဆင်ပြေချိန်တွင် အဆင်သင့် စာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝီနိုင်ပါသည်။ ရခိုင်သားများ စကားထက် လက်တွိလုပ်ချိန်တန်ပြီးဖြစ်သည်။ ပကျင်းပိုင် လီဖောင်းပြီး ပေါလောပေါ်နီရုံဖြင့်၊ ငါးစင်းပိုင် ရီဘော်ဆီစားနီရုံဖြင့် အလုပ်ပြီးမြောက်နိုင်ပါမည်လား။ အဆင့်မြင့်သောလူမျိုးသည်ကား စကားထက်အလုပ်ကို ဦးစားပီးပါသည်။ စကားများများပြောပြီး လက်ကြောတင်းအောင်မလုပ်ချင်သောလူမျိုးသည်ကား ကျွန်လူမျိုးဖြစ်သည်။ ကျွန်ဗီဇဖြစ်ပါသည်။ ကိုယ့်စွာကို (အာရီယံ) အမျိုးဟုခံချင်လျှင် အာရီယံအကျင့်ကို ကျင့်သင့်ပါသည်။ သို့မဟုတ်ပါက (ဘီဟာရီ) အမျိုးဖြစ်လားပါမည်။

ထိုကျမ်းရင်းများကို မကိုးကားဘဲ အင်္ဂလိပ်သမိုင်းပညာသျှင်များရွီးသားပြုစုခသော မလုံလောက်သော ရခိုင်သမိုင်းတစွန်းတစဖြင့် ဆရာအစစ်မဖြစ်နိုင်ပေ။ ဤသည်ကို အကျွန်ုပ်ရို့ (ဥလုံပဓိလုံ) စဉ်းစားဖို့လိုအပ်ပါလိမ့်မည်။ သို့မှသာ (အာရီယံ) ဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီပါလိမ့်မည်။ လွတ်လပ်ရေးဆိုသည်မှာလည်း ထိုက်တန်မှရပါသည်။ မထိုက်တန်ပါက (လွတ်လပ်ရီး) မပြောကဲ့ (ဖွတ်ချီး) တောင် မဖြစ်နိုင်ပါ။


nainaitun@yahoo.com||60.53.1.46||8/13/2007 7:13:19 AM||
so good,so nice.i like u,i agree u.so good to ur comment.

||122.248.38.250||8/19/2007 12:45:54 AM||
I have collected this to use for in future.

best
MRZL


tigerking91@gmail.com||203.81.161.145||8/21/2007 8:16:39 PM||


dhoongjhaan@gmail.com||125.27.196.5||8/31/2009 11:34:14 AM||
ကျနော် ရခိုင်လို မပြောတတ်တဲ့ မြန်မာပြည်က ဗမာမဟုတ်တဲ့ တိုင်းရင်းသား တစ်ယောက်ပါ။ ဒါပေမဲ့ စကားနည်းနည်းလောက် ဝင်ပြောချင်လို့ပါ။ ရခိုင်အများစုက "ရေ"ဆိုတာကို "ရီ"လို့ပြောတယ်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် ရခိုင် နဲ့ ဗမာစကားသံ ၂ ခု ကွဲတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပါ။ ဒါပေမဲ့ ဒီစာတမ်းမှာပါတဲ့ အထောက်အထားအရ ရှေးခေတ်က ရခိုင်ပညာရှင်တွေရဲ့စာပေအရေးအသားဟာ အတိုင်းအတာ တစ်ခုအထိ ဗမာတွေရဲ့စာရေးသားပုံနဲ့ တူတယ်ဆိုတာပဲ။ ကျနော့်ရဲ့ပုဂ္ဂလိကအမြင်အရ စာပေ ၂ ခုဟာ မကွဲပြားလည်း ပြဿနာ မရှိဘူး ဆိုတာပါပဲ။ "သွေး"လို့ရေးမယ်ဗျာ။ ရခိုင်က "သွီး"လို့ဖတ်မယ်။ ဗမာက "သွေး"လို့ဖတ်မယ်။ "ေ--း"သရကို ဗမာက "i:" သံထွက်မယ်။ ရခိုင်က "e:" သံထွက်မယ်ဗျာ။ ဒါမျိုးမဟုတ်ဘဲ စကားအတိုင်း "သွီး"လို့ရေးတာဟာ ဗမာစာပေဖွဲ့စည်းပုံက ရခိုင်စာပေအပေါ်ကို လွှမ်းမိုးကြောင်းထင်ရှားတဲ့ အချက်ပါပဲ။ ဥပမာတစ်ခုအရ ဗမာသရ "သြ"ဟာ ရေးသားပုံအရ မွန်သရ "သြ"နဲ့အတူတူပါပဲ။ ဒါပေမဲ့ အသံထွက်က ကွာပါတယ်။ မွန်က မွန်ပုံစံအတိုင်းပဲ ထွက်ပါတယ်။ "အားအို"လို့။ ဗမာကလည်း ဗမာပုံစံအတိုင်း "အော"လို့ပဲထွက်ပါတယ်။ ဗမာစာရဲ့ လွှမ်းမိုးမှုဆိုပြီးတော့ မွန်တွေက "သြ"သရကို "အားအို"လို့အရေးပုံစံ မပြောင်းလိုက်ပါဘူး။ "သြ"က "သြ"အတိုင်းပဲ ရှိပါတယ်။ ဒီမှာ တစ်ခုပြောစရာက ရခိုင်စကားအတိုင်း "သွီး"လို့ရေးခြင်းအားဖြင့် ဗမာစာလုံးဖွဲ့စည်းပုံတတ်ထားရုံနဲ့ရခိုင်စာ ဖတ်တတ်တယ်၊ ဗမာတွေ နဲ့ဗမာစာတတ်သူတွေ ရခိုင်စာကို အလွယ်တကူ သင်ယူနိုင်တယ်ဆိုတဲ့ ကောင်းကျိုးတွေ ရှိလာမယ်။ နောက်ပြီး ဒီစာပေအရေးအသား ရခိုင်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီဆိုရင်တော့ ဒီအတိုင်းပဲကောင်းပါတယ်။ အပြောင်းအလဲခဏခဏလုပ်ရင် အားလုံးအတွက် ရခိုင်တစ်မျိုးသားလုံးအတွက် မကောင်းနိုင်လို့လေ။ ကျနော့်ရဲ့ပုဂ္ဂလိက အမြင်က ဒီက ရခိုင်လူငယ်တွေရဲ့အမြင်နဲ့ကွဲကောင်းကွဲနိုင်ပါတယ်။ ဒါပေမဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုလို့တော့ မြင်ပါတယ်။ ရခိုင်က ထားဝယ်တွေလိုပဲ ဗမာစကားနဲ့ဆင်လို့ ဗမာစကားတတ်သူတွေ သင်ရလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။ တစ်ခြား ဗမာမဟုတ်တဲ့ တိုင်းရင်းသားစကားတွေနဲ့နှိုင်းယှဉ်ရင်လေ။ တိုးတက်ဖွံ့ဖြိုးနေတဲ့ ဗမာစာဟာ ရခိုင်စာအတွက်တင်မက အခြားတိုင်းရင်းသားစာပေတွေအတွက် အကူအညီအများကြီးပေးနိုင်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဗမာစာကို ကျနော်တို့အများကြီး အသုံးချရမှာပါ။

||118.173.9.125||1/2/2010 3:21:16 AM||


||118.173.9.125||1/2/2010 3:22:15 AM||


||99.129.102.107||3/13/2010 7:40:05 PM||


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|