(ရဲ့) လား (ယေ့) လား (ဧဲ့) လား (ဧ့) လား

(ရဲ့) လား (ယေ့) လား (ဧဲ့) လား (ဧ့) လား
=========================

အခုလောလောလတ်လတ် ရခိုင်စာပီလောကတွင် (ဧ့) တလုံး ကောင်းကောင်းခေတ်စားလျှက်ဟိသည်။ (ဧ့) ကို လက်ကိုင်သုံးစွဲနီသူများက (ဧ။်) သည် (အိ) သံထွက်သည် မြန်မာအသံအလွှမ်းမိုးခံရသဖြင့် (ဧ့) ဟု ပြောင်းရွီးရသည်ဟု ဆင်ခြီပီးကတ်ပါသည်။ သိန်ကန်မိန်တွင်ရတုတွင် (အယ်) ဟု ရွီးသဖြင့် ယင်းရတုပါ ရခိုင်အရွီးအသားကို ဖော်ထုတ်သယောင်ယောင် အကြောင်းပြကတ်ပါသည်။ ထိုသူများကပင် ရခိုင်ဖတ်စာသတ်ပုံကို စံပြုလက်ခံပါဖို့ဟု ဆိုပင်ဆိုသော်လည်း ရခိုင်ဖတ်စာသတ်ပုံတွင် (ဧ့) အသုံးသတ်ပုံကို လက်မခံပါ။ အပြောတခြားအလုပ်တခြား ရှိစကားနောက်စကား မညီညွတ်ဘဲ ဆက်သုံးစွဲလျှက်ဟိပါသည်။ အမှန်မှာ (ဧ့) ၏ ရာဇ၀င်သည် မသန့်ပါ။ မြန်မာ (ရဲ့) အား ကူးချထားခြင်းပင်ဖြစ်သည်။ အစပထမတွင် ရခိုင်စကားပြောဟန်စာရွီးဆရာများက မြန်မာ (ရဲ့) ကို ရခိုင်ပိုင် ဇာပိုင်ရွီးကေ ကောင်းဖို့လဲ ကောင်းကောင်း ဂေါင်းစားကတ်ပါသည်။ ပထမတွင် (ယေ့) ဟု စမ်းရွီးကြည့်ကတ်ပါသည်။ ဥပမာ မောင်လှ (ယေ့) စာအုပ်။ အဆင်မပြေပါ။ မြန်မာ (ရဲ့) ကို ကူးချထားမှန်း ကောင်းကောင်းသိသာပါသည်။ ထိုအခါ (ယေ့) တက်စား (ဧဲ့) လို့ ရွီးကေ ကောင်းဖို့ နောက်ပစ်ပါကေ (ရဲ့) ကို ကူးချမှန်းသိသာရေအတွက် (ဧဲ့) ကို နောက်ပစ်ဖြုတ်ပျာ (ဧ့) လို့ သုံးလာကတ်ပါသည်။ (ဧ့) ၏ အသွင်ကူးပြောင်းပုံအဆင့်ဆင့်မှာ (ရဲ့) (ယေ့) (ဧဲ့) (ဧ့) ဆင့်ကဲဆင့်ကဲ အသွင်ကူးပြောင်းလာရခြင်းဖြစ်ပါသည်။ ရာဇ၀င်ပင်ရင်းမှာ မြန်မာ (ရဲ့) ကို ကူးချခြင်းကြောင့် ဖြစ်ပေါ်လာရသော ဝေါဟာရသတ်ပုံဖြစ်သဖြင့် ရခိုင်စာပီချစ်မြတ်နိုးသော မျိုးဆက်သစ်လူငယ်များ ခိုးယူကူးချခြင်းမပြုသင့်ပါ။ နောင်တချိန်တွင် ရခိုင်လူမျိုးများအား မြန်မာလူမျိုးများက (စာသူခိုး) လူမျိုးအဖြစ် စွပ်စွဲလာကတ်ဖို့စွာက အသေအချာဖြစ်ပါသည်။ (စာသူခိုး) လို့ ပြောချင်ပြောလီ သူရို့လည်းခိုးစွာ ငါရို့ခိုးလည်း ဇာဖြစ်တေလဲ သူခိုးချင်းအတူတူ တမူးသား တမတ်သား အပို လျှူ ဖို့မလိုဟု ပြောကတ်ပါလိမ့်မည်။ သို့သော် မိမိတယောက်၏အတ္တကြောင့် ရခိုင်တမျိုးသားလုံးနာမည်ပျက်ရမည့် အဖြစ်ဆိုးကို ယှောင်ကြည်သင့်ပါသည်။ စာပီဆင်ဆာမဟိသောခေတ်တွင် လူတိုင်းလွတ်လွတ်စွာ ရွီးသားပိုင်ခွင့်ဟိပါသည်။ တယောက်ကိုတယောက် ပိတ်ပင်ဆီး၍ မရနိုင်ပါ။ သို့သော် ယေကေလည်း ရခိုင်စာသတ်ပုံတည်ငြိမ်ရေးအတွက် မိမိအသိစိတ်ဖြင့် မိမိ၏ရခိုင်စာပီအပေါ်ချစ်မြတ်နိုးစိတ် နှလုံးသားအသိဖြင့်ရာ မိမိကိုယ်ကိုမိမိ ထိမ်းချုပ်ကတ်ရဖို့ဖြစ်ပါသည်။ မည်သူတဦးတယောက်ကမျှ ချုပ်ချယ်တားဆီး၍ ရနိုင်မည်မဟုတ်ပါ။

ထိုသို့ ကူးချသည်ဟုပြောလျှင် မခံချင်သဖြင့် ရှိဟောင်း အရွီးအသား (အယ်) (ဧယ်) ကို ဖော်ထုတ်သယောင်ယောင် ဆင်ခြီပီးကတ်ပါသည်။ ( -။်) အရွီးအသားသည် အမှန်မှာ ( -ယ်) အသတ်ကို ပီစာရွီးဆရာများက ထပ်ခါထပ်ခါ ရွီးရလက်ညောင်းသဖြင့် (-ယ်) ကို ( -။်) ဟု အတိုကောက်ပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် (၏) နှင့် (အယ်)(ဧယ်) အရွီးအသားမှာ အားလုံးအကုန်သူ အတူတူပင်ဖြစ်ပါသည်။ တည်ငြိမ်ပြီးသား သတ်ပုံတိကို လိုက်ဖျက်နီဖို့ မလိုအပ်ပါ။ အလုပ်မဟိ ကြောင်ရီချိုးခြင်းရာဖြစ်ပါသည်။ ရခိုင်စာသတ်ပုံ တည်ငြိမ်ရီးနှင့် ရခိုင်စာတိုးတက်ရီးအတွက် အဟန့်အတားဖြစ်စီပါသည်။ တခါလာလည်း သတ်ပုံကိစ္စအငြင်းပွားယင်း သပွတ်အူလိုက် ကျင်ကိုင်လိုက်ဖြင့် ရခိုင်စာပီ ခရီးရှိဆက်မလားနိုင်ဖြစ်နီပါသည်။ ယေကေလည်း အလေ့ဇီဆိုရေစကားဟိပါသည်။ ရှက်ကွန်ချေဖြင့် မပြုပျင်ချင်ဘဲ တသိတမင် အလေ့ဇီထိုးကတ်ပါလိမ့်မည်။ ဤသည်မှာ မိမိ၏အတ္တကို ခ၀ါမချနိုင်ခြင်းဖြစ်ပါသည်။ ရခိုင်စာပီထက် မိမိအတ္တကို ပိုချစ်မြတ်နိုးခြင်းရာဖြစ်ပါသည်။ အလုပ်မဟိကြောင်ရီချိုးဆိုရခြင်းမှာ ရခိုင်စာပီ၏ပြသနာသည် (၏) စကားလုံးမဟုတ်ပါ။ အဓိကပြသနာမှာ (စာပီ) လား၊ (စာပေ) လား။ ရခိုင်သားကြီးစာ(ပီ)လား ရခိုင်သားကြီးစာ(ပေ)လား။ ရခိုင်စာ(ပေ)နှင့်ယဉ်ကျေးမှုကော်မီတီလား ရခိုင်စာ(ပီ)နှင့်ယဉ်ကျေးမှုကော်မီတီလား။ (နန့်) ဖြစ်သင့်လား၊ (နဲ့) ဖြစ်သင့်လား။ (နိ) ဖြစ်သင့်လား၊ (နိ့) ဖြစ်သင့်လား၊ (နိန့်) ဖြစ်သင့်လား။ (ပျာယ်) ဖြစ်သင့်လား (ဗျာယ်) ဖြစ်သင့်လား၊ (ဗျာလ်) ဖြစ်သင့်လား။ (ကတ်) ဖြစ်သင့်လား (ဂတ်) ဖြစ်သင့်လား။ (လေ့လာ) လား၊ (လိလာ) လား၊ (အဖြေ) လား (အဖြီ) လား။ (ကြက်သရေ) လား၊ (ကျက်သရေ) လား။ (မှာ) ဖြစ်သင့်လား (မာ) ဖြစ်သင့်လား၊ (ဗုဒ္ဓူးး) ဖြစ်သင့်လား (ဗုဒ္ဓဟူး) ဖြစ်သင့်လား၊ (အာရုဏ်) ဖြစ်သင့်လား (အရုဏ်) ဖြစ်သင့်လား၊ (တစ်ခါတစ်ရီ) လား (တခါတရီ) လား (အတွေးအခေါ်) လား (အတွီးအခေါ်) လား၊ (အရေးကြီးကိစ္စ) လား (အရီးကြီးကိစ္စ) လား၊ (ဖီးကြီးသင့်) လား (ဘေးကြီးသင့်) လား၊ (သေချာ) လား (သီချာ) လား၊ (ရိုသေ) လား (ရိုသီ) လား၊ (လိမည်) လား (လိမ္မည်) လား (လိမ့်မည်) လား အစဟိသည့် ပြသနာများကိုရာ ဖြီယှင်းသင့်ပါရေ။ အခုက စကားရိုင်းချင်ကေလည်း ရိုင်းပါဖို့ မရောင်စွာမှာ ဆီဆွတ်ပိုင်ဖြစ်နီပါရေ။

အသံကိုပြုပျင်ချင်လို့ သတ်ပုံကို ပြောင်းရွီးခစွာမှာ အကျွန်ုပ်လည်းပါပါရေ။ ဥပမာ (စဉ်းစား) ကို (စိုင်းစား) ဟု အသံမထွက်ဘဲ (စိန်းစား) လို့ ရခိုင်သားတိအသံထွက်နီကတ်တေ။ အခုလောလောလတ်လတ်တက်လာရေ ဆရာခိုင်အောင်၏သစ်ပုံရွာ စာပီဟောပြောပွဲမှာ (စိန်းစား) ဆိုပြီး ပြောလားခစွာတွိရပါရေ။ အေချင့်ရေ လက်ငြင်းပြသနာပါ။ တဆက်တည်းပြသနာ (ယဉ်ကျေးမှု) ကို (ယိုင်ကျေးမှု) အသံမထွက်ဘဲ (ယိန်ကျေးမှု) ဆိုပျာ ခိုင်ကျော်လင်းတေးခြင်းမှာလည်း တွိရပါရေ။ အေမြန်မာလွှမ်းခံအသံကို ဇာပိုင်ပျင်ဖို့လဲ စဉ်းစားရေအခါ အကျွန်ုပ်ကိုယ်တိုင်လည်း (စဉ်းစား) ကို (စိုင်းစား) (ယဉ်ကျေးမှု) ကို (ယိုင်ကျေးမှု) ဆိုပြီရွီးခပါရေ။ စေတနာက အသံကိုပြုပျင်ချင်စွာမှန်ကေလည်း ရခိုင်သတ်ပုံပျက်စွာရာ အဖတ်တင်ပါရေ။ ရခိုင်သားမှာ (စဉ်းစား) ကို (စိန်းစား) (ယဉ်ကျေးမှု) ကို (ယိန်ကျေးမှု) ဟု အသံထွက်နီကတ်တုန်းသိမ့်ပါ။ တခုကိုပြုပျင်ချင်လို့ တခုကို ဖျက်ဆီးလိုက်စွာမျိုးမဖြစ်သင့်ပါ။ နောက်ဘိတ်ဆုံးမှာ ရခိုင်သတ်ပုံပျက်စွာရာ အဖတ်တင်ပါရေ။ (ဧ့) ကိစ္စကျခါ တစိချေ ကွာပါရေ။ ပဇာဖြစ်လို့လဲဆိုကေ သူရို့တိ ဆင်ခြီဆင်လက်ပီးကတ်တေပိုင် (ဧ့) ရေ အထက်မှာပြောခရေပိုင် အသံကိုပြုပျင်ချင်လို့ ဖြစ်ပေါ်လာရေ သတ်ပုံမဟုတ်ပါ။ မြန်မာ (ရဲ့) ကို ကူးချထားခြင်းရာဖြစ်ပါရေ။ ဝေဖန်သံတိတက်လာခါမှ ရှိဟောင်းသတ်ပုံကို ဖော်ထုတ်ချင်ရေပိုင် အသံကို ပြုပျင်ချင်လို့ လုပ်တေပိုင် စကားလှသုံးကတ်ပါရေ။ ယေကေလည်း ( ဟြင် ) ကိစ္စကျကေ အသံကိုပြုပျင်ချင်လို့ ဖြစ်လာရေ သတ်ပုံဆိုစွာ လက်ခံပါရေ။ ယင်းသတ်ပုံအတိုင်း

(ရွှီမြို့မြောက်ဦး၏အရှိဖက်တွင် အချေတရွီ ပျော်ပျော်ရွှင်ရွှင် ကဇတ်နီကတ်သည်)

ဆိုရေ၀ါကျကို သတ်ပုံသစ်ဖြင့်ပြန်ရွီးကြည့်လိုက်တေအခါ

(ဟြွီ မြို့မြောက်ဦးဧ့အဟြိဖက်တွင် အချေတဟြွီ ပျော်ပျော်ဟြွှင်ဟြွှင် ကဇတ်နီကတ်သည်)

ဟု ရပါသည်။

လေးမြို့ခေတ်ကျောက်စာထက်တောင် ဖတ်ရခက်ပါရေကား။

နောက် ရခိုင်သားတိက (သည်) ကိုလည်း (သီ) လို့ အသံထွက်နီကတ်ပါယာ။ ယင်းအသံကို ပြုပျင်ချင်လို့ သတ်ပုံကို ပြောင်းရခန့်ဆိုကေ

(ဤဟာသည် မောင်လှ၏စာအုပ်တအုပ်ဖြစ်ပါသည်)

ကို

(ဣေဟာသေ မောင်လှဧ့စာအုပ်တစ်အုပ် ဖြစ်ပါသေ)

ဖြစ်လားပါဖို့ကား။ ဖြစ်ပါဖို့လားဂိုးချေ။

ယေခါ ဇာဆင်ခြီပီးရေလဲဆိုကေ (သည်) သည် ဗျည်းဖြစ်လို့ ပြောင်းဖို့မလိုအပ်။ (၏) သည် သရဖြစ်လို့ ကွာပါရေလတ်။ ယေကေ (ဤ) သည်လည်း (သရ) ဖြစ်လို့ (ဣေ) အဖြစ် ပြောင်းလို့ပြုပျင်လို့ရရေ ဆိုရေသဘော ဖြစ်နီပါရေ။

ညာဖက်မျက်စိတဖက်မကောင်းလို့ ဘယ်ဖက်မျက်စိနန့် အစားထိုးကုသစွာနန့်တူနီပါယာ။ ကံအကြောင်းလှလို့ ညာဖက်မျက်စီပြန်ကောင်းလာကေတောင်က ဘယ်ဖက်မျက်စိ ပျက်ကျလားခရပါယာ။ စေတနာဆိုကေလည်း မဆင်ခြင်ကေ ဝေဒနာဖြစ်တတ်ပါရေ။

ဖြစ်သင့်ဖြစ်ထိုက်စွာက ရခိုင်စာ သင်ရိုးညွှန်တန်းကို သင်ပြပီးရေဆရာ ဆရာမတိကို (ရှိ) ကို (Rhi) (ရွှင်) ကို (Rhong) (သို့မဟုတ်) (Rhwang) ၊ (ရှင်) ကို (Rhun) (သို့မဟုတ်) (Rhan) (စဉ်းစား) ကို (စိုင်းစား)၊ (ယဉ်ကျေးမှု) ကို (ယိုင်ကျေးမှု) လို့ အသံထွက်မှန် ထွက်တတ်အောင် သင်တတ်အောင်ရာ လမ်းညွှန်ပီးသင့်ပါရေ။

အကျွန်ုပ်ရေ ရခိုင်စာပီသတ်ပုံဆိုင်ရာ ပြသနာတိကို ရွီးလေ့ရွီးထ မဟိပါ။ ဇာဖြစ်လို့လဲဆိုကေ သတ်ပုံနန့် ကျင်ကိုင်ပြီးကေ ရခိုင်စာပီရေ မရီးမရောက်ဖြစ်နီလို့ပါ။ ငြင်းရပြုရစွာကိုလည်း ကောင်းကောင်းပင်ပန်းပါရေ။ ငြင်းလည်းမငြင်းတတ်ပါ။ ဇာဥပမာကို လားသတိရရေလဲဆိုကေ

ဘွဲ့ရခါစ ကျောင်းဆရာချေတယောက်က ရွာမှာ ကျောင်းဆရာလုပ်ပါရေလတ်။ ယေခါ အချေတိကို ကမ္ဘာသည် (၂၃) နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းလျှက် (၂၄) နာရီ တပတ်လည်သည်ဟု သင်ပီးပါရေလတ်။ ယေခါ ရွာက ဘောက်ကတတ်ဝါကြီးတယောက်က

"ယေကေ ကျောင်းဆရာချေ ငါရို့အိမ်ရှိက မှင်းကျိုးပင် ငါရို့အိမ်နောက်ကို တခါလည်း မရွှိပါကား" လို့ ပြောချလိုက်ကေ

ကျောင်းဆရာချေကို တပည့်တိက ၀ိုင်းဟားကတ်ပါရေလတ်။ ဘောက်ကတတ်တိနန့်စကားလားပြိုင်ကေ ကိုယ်ရာ ၀ိုင်းဟားခံရပါဖို့။

ရခိုင့်စာပီခရီးက ဇာနန့်တူလဲဆိုကေ အချေခါ အဘောင်မပြောရေ ရခိုင်ဝတ္ထုထဲက ဖင်ချွန်း၊ နှာခေါင်းကြီး၊ နားရွက်ကြီး ခရီးလားပိုင်ကျနီပါယာ။ ခရီးတအောင့်ချေလောက်စဖို့ ကြံဒရာသိမ့် ဖင်ချွန်းက ထိုင်ချလိုက်ကေ လောင်းပေါက်လားခယာ။ ယေကေ နှာခေါင်းကြီးက နှာခေါင်းချီးထွတ်ပနာ လောင်းကိုဖာပါရေ။ နားရွက်ကြီးက ရွက်တိုက်တေ။ ကံအကြောင်းမလှခါ လီကအပြန်တိုက်ကေ လောင်းက ရှိကိုမလား နောက်ပြန်ရာဆုတ်တေ။ နောက်ဆုံး ကိုယ့်ရွာကိုယ်ပြန်ရောက်ကေ ရွာက မယားသည် ချောင်းကို ရီချိုးဖို့ဆင်းလာစွာနန့်ကွက်တိတိုးရေ။ မယားသည်ကိုမြင်ခါ ဖင်ချွန်းက ဇာပြောရေလဲဆိုကေ "ယာ အေရွာက မမ ငါ့မယားနန့် ကောင်းကောင်းတူရေကာ" လတ်။ အခုလည်း ရခိုင့်စာပီခရီးသည် "အေရွာက မမ, ငါ့မယားနန့် ကောင်းကောင်းတူရေကာ" ဖြစ်နီပါယာ။

"ရှိကနွား ကောက်ကောက်လားကေ နောက်ကနွားလည်း ကောက်ကောက်လားရေ" ဆိုရေ စကားပုံရေ ရခိုင်နှင့် မြန်မာ နှစ်ခုစလုံးမှာဟိပါရေ။ ဗုဒ္ဓ၀င်က လာစွာ စကားပုံပါ။ ဦးစီးဦးဆောင်လုပ်နီလူတိ စဉ်းစားဆင်ခြင်ကတ်ဖို့ လိုအပ်ပါလိမ့်မည်။

(ရခိုင်ပေါင်းကူး သာလှဦး)
(May 25, 2014)

(ရဲ့) လား (ယေ့) လား (ဧဲ့) လား (ဧ့) လား (ဒုတိယပိုင်း)
====================================
(မှာ) မှာ (ဟ) ထိုးဖြုတ်သည်မှာလည်း ဆရာမောင်ဗသိန်းက ပထမတန်း ဒုတိယတန်းအချေသူငယ်များ အသံထွက်ရ
မခက် လွယ်ကူအောင် ရည်ရွယ်ပြီး (ဟ) ထိုးဖြုတ်လိုက်ခြင်းဖြစ်ပါသည်။ ထိုသည်ကို အထက်တန်း တက္ကသိုလ်တန်း
ဘွဲ့ရလူငယ်များကပါ မကျန် (ဟ) ထိုးကို ဖြုတ်လျှက် ရွီးသားလာကတ်သောအခါ ရခိုင်စာပီမှာ ဒုတိယတန်းအဆင့်သို့
အဆင့်နိမ့်ဆင်းလားရပါသည်။

"အစိမာ အခွံမာ အသီးမာ ပိုးကိုက်သည်"

ဤသို့သော ၀ါကျကို ပဇာပိုင် အဓိပ္ပါယ်ဖော်ပါဖို့လဲ။

(၁) "အစိမာသော မခွံမာသော အသီး၌ ပိုးကိုက်သည်" ကို ဆိုလိုပါရေလား။ မဟုတ်ကေ

(၂) "အစိမှာ အခွံမှာ အသီးမှာ ပိုးကိုက်သည်" ကို ဆိုလိုပါရေလား အဓိပ္ပါယ်အမျိုးမျိုး ထွက်လာပါသည်။

ရခိုင်စာပီမှာ နွားဂါရီခေတ်တွင် ကျကျန်လိုက်ခပါယာ။ ဓည၀တီဆရာမောင်စံလှရို့ ရွီးခသော
အဆင့်မြင့်မြောက်ဦးခေတ်စာပီသည် လေးမြို့ခေတ်သို့ နောက်ပြန်ဆုတ်လားနီပါသည်။ ဤအတိုင်းဆိုလျှင်
ရခိုင်စာပီရှိတိုးတက်နိုင်ပါဖို့သိမ့်လား စဉ်းစားလီလီ ရင်လီးလီဖြစ်ပါသည်။ ဤထက်ဆိုးသည်မှာ ဝေသာလီခေတ်ကို
မျှားဦးလှည့်နီသော ရခိုင်စာပီသမားအင်တန်များများလည်း ဟိပါသိမ့်သည်။ ဝေသာလီခေတ်က အက္ခရာမျိုးနန့်
ရခိုင်စာပီကို ပြန်လည်ဆန်းသစ်ဖို့အတွက် အစည်းအဝေးအကြိမ်ကြိမ်ခေါ်ယူ ညှိနှိုင်းဆွေးနွေးပွဲအကြိမ်ကြိမ်ပြုလုပ်
ငွေကုန်ခံ အချိန်ကုန်ခံ လူပင်ပန်းခံပြီးလျှင် မဟာပညာကျော် Font ၀ိမလ Font ဝေသာလီ Font များကို
တွီထွင်ကတ်ပါသည်။ သို့သော် လူတယောက်ချေတောင်က ယောင်လို့မရွီး ထို Font များဖြင့် ရွီးထားသော ကဗျာတပုဒ်
ဆောင်ပါးတပုဒ် ယောင်လို့တောင်က တက်မလာပါ။ ထိုသို့သော ခေတ်နောက်ပြန်ဆွဲအယူဝါဒများမှာ နွားထီးကို
နို့ညှည့်သည်နှင့် အလားသဏ္ဍန်တူပါသည်။ အချိန်ကုန် လူပင်ပန်းသလောက် ခရီးမပေါက်ပါ။

ရခိုင်စာပီခရီးမှာ တတိုင်က အများနားလည်ယောင် မြန်မာပိုင်ရွီးလိုက်၊ မြန်မာကဗျာကို ရခိုင်ကဗျာဂေါင်းစဉ်တပ်လိုက်၊
ရခိုင်ကဗျာများကို မြန်မာမှုပြုလိုက်။ တတိုင်က လေးမြို့ခေတ် ဝေသာလီခေတ်ကို နောက်ပြန်လှည့်လိုက်။
နောက်တတိုင်က ပဲလွှာကြားမှာ ဆားညှပ်လိုက် ရရောင်းဆာလို့ ဗရဗွီလိုက်နီပါသည်။ မဆလခေတ်တောက်လျှောက်
ရခိုင်မဂ္ဂဇိင်းများတွင် ရခိုင်စာပီပညာသျှင်ကြီးများ ယောင်လို့တောင်က ရခိုင်ကဗျာချေတပုဒ်မရွီးခကတ်ပါ။
အင်္ဂလိပ်လက်ထက်တွင်လည်း ရခိုင်ပညာသျှင်ကြီးများက ရခိုင်ကဗျာ မြန်မာကာရန်များဖြင့် ဖားတပိုင်းငါးတပိုင်း
ရခိုင်စာပီများကို ရွီးသားခသဖြင့် အခု အလယ်အလတ်တန်း အထက်တန်းများတွင် သင်ကြားပို့ချဖို့အတွက်
ကဗျာဆောင်းပါးဝတ္ထု မဟိသလောက်ပါ။ ဆရာကြီးသျှင်အုန်း ရခိုင်ကဗျာတပုဒ်နှစ်ပုဒ် ဆရာစစ်တွေညို့သန့်
ရခိုင်ကဗျာချေ တပုဒ်စနှစ်ပုဒ်စလောက်ရာ ဟိပါသည်။ ရခိုင် စကားပြင် အရွီးအသားဖြင့် ရွီးထားရေ ၀တ္ထု ဆောင်းပါး
တပုဒ်ချေလည်း မတွိရပါ။ ဇာပိုင်ပျင်ကတ်ပါဖို့လဲ။ ဓည၀တီပက္ခဒိန်ကို ကြည့်လိုက်ခီပြန်ကလည်း ရခိုင်ခုနှစ်ရက်
အားလုံးမြန်မာအတိုင်းဖြစ်ပါသည်။

သို့သော် ယေကေလည်း ရခိုင်သားများမှာ မြန်မာစာကို ရခိုင်စာဟု အသျှင်ခံလို့ ခြီနီကတ်တုန်းဖြစ်ပါသည်။ (ဧ့) ဂိုဏ်း (မာ)
ဂိုဏ်း ဂိုဏ်းသားများ၏ရခိုင်စာပီတိုးတက်ရီး ကြိုးစားအားထုတ်မှု စေတနာကို အသိအမှတ်ပြုပါသည်။ သို့သော်
ကျောက်ရစ်ကေဆရာ မောင်စံလှ စကားကို အငှားပြောရခန့်ဆိုကေ

"စာနဂိုမှာ၊ အပိုသွင်းလို့၊ ရွီးခြင်းရာကြောင့်၊ ပမာတင်အပ်၊ ရွှီသိင်္ဂီကို၊ ဖိုမှာနှောကေ၊ ကြီးရောစပ်ယောင်၊ နောက်ထပ်တဖြာ၊
ဥပမာနှင့်၊ တူစွာသဘော၊ မုယောတန်လေ၊ ဆွမ်းဆန်ဖွီးမှာ၊ ကြွက်ချီးရောယောင်"

ဆရာကြီးမောင်စံဖော်က ရခိုင်စာပီအရွီးအသားကို ရိုးမမဂ္ဂဇင်းဖြင့် စနစ်တကျလမ်းကြောင်းဖော်ပြပီးခပါသည်။ သို့သော်
လူငယ်များက မလိုက်နာ ပါရဂူကြီးများက (တလုံးပို တလုံးဖြုတ်) အတတ်ဆန်းလို့ အချွန်းလုပ်လိုက်သောအခါ ရခိုင်စာပီမှာ ဖားပြုတ်ကေပိုင်ယှောင် ဖြစ်လားရလီပါတော့သတည်း။

(ရခိုင်ပေါင်းကူး သာလှဦး)
May 31, 2014


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|